<

ကမ္ဘာ့ရွှေဈေး ၁၃၂၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၂၇၀၀ ၀န်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၂၇ ရက်တွင် ၁၃၂၃ ဒေါ်လာဝန်းကျင်ဖြင့် တစ်ပတ်တာ ဈေးပိတ်ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၂၇၀၀ ၀န်းကျင်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်န၀ါရီ ၉ ရက်တွင် ၉၃၈၀၀၀ ၀န်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်န၀ါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ ဧပြီ ၂၈ ရက်တွင် ကျပ် ၉၄၂၇၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက ဇန်န၀ါရီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၃၆၀၀၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၅၇၀၀၊ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၅၁၀၀၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၆၅၀၀၊ မတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၅၉၀၀၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၇၅၀၀ တို့ဖြစ်သည်။

April 28, 2018














Copy Protected by Chetan's WP-Copyprotect.