ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၁ ပွိုင့်အထက် ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၁ ကျပ်အထိ မြင့်တက်

ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ၉၁ ပွိုင့်အထက် ဆက်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၃၁ ကျပ်အထိ မြင့်တက်
Published 29 April 2018

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဧပြီ ၂၇ ရက်တွင် ၉၁ ပွိုင့်အထက်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ပြည်တွင်းဈေးကွက်၌ တစ်ဒေါ်လာ ၁၃၃၁ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ် မတ်လလယ်မှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ နိုဝင်ဘာလတွင် ၁၃၅၆-၁၃၅၉ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၅၄-၁၃၅၉ ကျပ်၊ ဇန်နဝါရီတွင် ၁၃၂၃-၁၃၅၄ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၂၃-၁၃၃၁ ကျပ်၊ မတ်တွင် ၁၃၂၆-၁၃၃၄ ကျပ်တို့ဖြစ်ပြီး ဇန်နဝါရီတွင် ကွာဟချက်အများဆုံး ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် ၁၃၃၁ ကျပ်ဖြစ်ပေါ်ခဲ့ သော ဒေါ်လာဈေးသည် ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂၀ ရက်အထိ ၁၃၂၆-၁၃၂၉ ကျပ်ဝန်းကျင်ရှိပြီး မတ် ၂၁ ရက်တွင် ၁၃၃၄ အထိ မြင့်တက်ခဲ့သည်။ ထို့နောက် မတ် ၂၁ ရက်မှ စတင်ပြန်လည်ကျဆင်းခဲ့ရာ မတ် ၂၉ ရက်တွင် ၁၃၂၈ ကျပ်၊ ဧပြီ ၂၄ ရက်တွင် ၁၃၂၄ ကျပ်၊ ဧပြီ ၂၈ ရက်တွင် ၁၃၃၁ ကျပ်ဝန်းကျင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၇ ရက်တွင် သတ်မှတ်ထားသော ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်းမှာ ၁၃၃၆ ကျပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent