ဖားကန့်မြို့နယ်တွင် ဖခင်ဖြစ်သူက သမီးဖြစ်သူအား အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် မိခင်က အမှုဖွင့်

ဖားကန့်မြို့နယ်တွင် ဖခင်ဖြစ်သူက သမီးဖြစ်သူအား အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် မိခင်က အမှုဖွင့်
Published 28 April 2018

ဖားကန့်မြို့နယ် တာမခန်ကျေးရွာတွင် ဖခင်ဖြစ်သူက သမီးရင်းဖြစ်သူအား အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် မိခင်ဖြစ်သူက ဥပဒေအရ အရေးယူပေးရန် ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူက တရားလိုပြုလုပ်ကာ ဧပြီ ၂၆ ရက်တွင် တာမခန်နယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း၊ ရဲမှတ်တမ်းများအရ ဖြစ်စဉ်မှာ တရားလိုဖြစ်သူ ဒေါ် - - - - သည် ဧပြီ ၁၉ ရက် နံနက် ၁ နာရီခွဲက သမီးဖြစ်သူအိပ်သည့် အခန်းမှ ပျဉ်နံရံအား ထုသံကြား၍ သွားရောက်ကြည့်ရှုရာ သမီးဖြစ်သူမ- - - - ၊ (၁၅ နှစ်) အိပ်နေသည့် ခြင်ထောင်ထဲတွင် သမီးဖြစ်သူထိုင်နေပြီး ခင်ပွန်းဖြစ်သူမှာလည်း အတွင်းခံဘောင်းဘီဖြင့် မျက်နှာချင်းဆိုင် ထိုင်နေသည်ကို တွေ့ရှိရသဖြင့် ခင်ပွန်းဖြစ်သူအား သမီးဖြစ်သူ၏ ခြင်ထောင်ထဲမှ ထွက်သွားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

သမီးဖြစ်သူအား မေးမြန်းရာ သမီးဖြစ် သူမ ------ မှာ ၎င်းခြင်ထောင်ထဲတွင် အိပ်ပျော်နေစဉ် ဖခင်ဖြစ်သူမှာ ခြင်ထောင်ထဲသို့ ဝင်ရောက်လာပြီး မဖွယ်မရာများ ပြုလုပ်ကာ ကာမရယူရန် အားထုတ်ခဲ့သဖြင့်မ - - - - က ၎င်းမိခင်နိုးအောင် အိပ်ခန်းနံရံ ပျဉ်ချပ်အား လက်ဖြင့်ထုကာ အချက်ပေးခဲ့ကြောင်း သိရသည်။

ယခင်ကလည်း ထိုသို့ အဓမ္မပြုကျင့်ရန် ဖခင်ဖြစ်သူက ကြံစည်ခဲ့ဖူးပြီး ဧပြီ ၁၀ ရက် နံနက် ၃ နာရီခွဲခန့်က မိခင်ဖြစ်သူမှာ ရပ်ကွက် ဆွမ်းအလှည့်ကျသဖြင့် နေအိမ်တွင် မရှိခိုက် သမီးဖြစ်သူမ - - - - အား ဖခင်ဖြစ်သူက အိပ်ခန်းထဲတွင် ကလေးလာစောင့်အိပ်ရန် ခေါ်ပြီး အတင်းဆွဲဖက်ကာ သမီးဖြစ်သူ မ - - - - အား ယခုဖြစ်စဉ်အတိုင်းပင် ပြုမူခဲ့ရာ မ- - - - မှာ ရုန်းကန်၍ နေအိမ်ရှေ့သို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လူမှုရေးအရ လင်မယားကွဲခြင်းသာ ပြုလုပ်ခဲ့ပြီး ထို့နောက်တွင်မှ ဆွေးမျိုးအသိုင်းအဝိုင်းများနှင့် ညှိနှိုင်းကာ တရားခံမှ နောက်ပိုင်းတွင်လည်း ထပ်မံကြိုးစားမည်စိုးသဖြင့် ဧပြီ ၂၆ ရက်တွင် သမီးဖြစ်သူအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ ခင်ပွန်းဖြစ်သူအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ် - - - - က တာမခန်နယ် မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ရာ တာမခန်နယ်မြေစခန်းက (ပ)၁၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၅၁၁ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent