စီမံချက်ကာလကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်းမြေဧရိယာဧက ၆၅၀ အား ပြန်လည်သိမ်းဆည်း

စီမံချက်ကာလကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်းမြေဧရိယာဧက ၆၅၀ အား ပြန်လည်သိမ်းဆည်း
Published 27 April 2018

စီမံချက်ကာလ ကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်း မြေဧရိယာဧက ၆၅၀ အား သစ်တောဦးစီးဌာနမှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၇/၂၀၁၂)အရ  ရန် ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ချယ်ရီ ဥယျာဉ်အိမ်ရာတွင်တည်ရှိသော Sakura Trade Center Co.,Ltd ၏ ကိုယ်စားအုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်သို့ တည်ထောင်ခွင့်ပြုထားသော ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် စလူကြိုးဝိုင်းတွင် ပုဂ္ဂလိကကျွန်းစိုက်ခင်း မြေဧရိယာဧက ၄၀၀ အား စီမံချက် ကာလကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့်အတွက် ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင် လုပ်ကိုင်ခွင့်ရသူက လိုက်နာရမည့် စည်းကမ်းချက်များနှင့်အခွင့်အရေးများပါ အပိုဒ် (၃) အရ ပြန်လည်သိမ်းဆည်းလိုက်သည်ဟု သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်နေ ဗိုလ်ချုပ်ကက်စိန်(ငြိမ်း)သို့ ပုဂ္ဂလိက ကျွန်းစိုက်ခင်း တည်ထောင်ခွင့်ပြုထားသော ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေလောင်း ကိုယ်တူကွဲကြိုးဝိုင်းအကွက် အမှတ်(၈၃)တွင် စီမံချက်ကာလကုန်ဆုံးသည်အထိ စိုက် ပျိုးနိုင်ခြင်းမရှိသည့် မြေဧရိယာ ၁၅၀ ဧက အား ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်လုပ်ကိုင်ခွင့်ရသူက လိုက်နာရမည့် စည်းကမ်းချက်များနှင့်အခွင့်အရေး များပါအပိုဒ် (၃) အရ ပြန်လည်သိမ်းဆည်းလိုက်ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဗဟိုတပ်ထိန်းတပ်နေ ဦးသန့်ဇင်၊ ဒေါ်မီမီခိုင်၊ မောင်အောင်ကောင်း၊ မပွင့်ဖြူသန့်တို့သို့ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ပြုထားသော နေပြည်တော်ဥတ္တရခရိုင် တပ်ကုန်းမြို့နယ် အထက်ဆင်သေကြိုးဝိုင်းတွင် စီမံချက်ကာလကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့်မြေဧရိယာဧက ၁၀၀ အား ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်လုပ်ကိုင်ခွင့်ရသူက လိုက်နာရမည့် စည်းကမ်းချက်များနှင့်အခွင့်အရေးများပါ အပိုဒ်(၃) အရ ပြန်လည်သိမ်းဆည်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

စီမံချက်ကာလကုန်ဆုံးသည်အထိ စိုက်ပျိုးနိုင်ခြင်းမရှိသည့် ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို သစ်တောဦးစီးဌာနမှ ပြန်လည်သိမ်းဆည်းရာတွင် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ရှိ ကျွန်းစိုက်ခင်းများ ပါဝင်သည်။

Most Read

Most Recent