ညောင်ရွှေတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် နေအိမ်လေးလုံးနှင့် အဆောက်အအုံအချို့ ပျက်စီး

ညောင်ရွှေတွင် မိုးသက်လေပြင်း တိုက်ခတ်သဖြင့် နေအိမ်လေးလုံးနှင့် အဆောက်အအုံအချို့ ပျက်စီး
Published 26 April 2018

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့တွင် ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မိုးသက်လေပြင်းတိုက်ခတ်သဖြင့် နေအိမ်လေးလုံးနှင့် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ရွှေမြို့တွင် မွန်းလွဲ ၁ နာရီ၌ မိုးသက်လေပြင်း ငါးမိနစ်ခန့် ကျရောက်စဉ် မိုးသီးအနည်းငယ်ကျခဲ့ကာ လေပြင်းတိုက်သဖြင့် ညောင်ရွှေမြို့အထွက် နှစ်ဖာလုံခန့်ရှိ ရွှေရန်ပြေနှင့် ညောင်ရွှေမြို့အဝင် သစ်ပင်များကျိုးပြတ်ကုန်ပြီး နေအိမ်လေးလုံးနှင့် အ.ထ.က (၁) ကျောင်း အမိုး ၇၅ ရာခိုင်နှုန်း အမိုးလန်ပြီး ဆောက်လက်စအိမ်တစ်လုံးပျက်စီးခြင်း၊ မြို့အဝင်ဆိုင်းဘုတ်များ ပျက်စီးခြင်း၊ ဈေးပတ်ဝန်းကျင် ကွမ်းယာဆိုင်အချို့ လဲကျခြင်း၊ ဖူဆယ်ဘောလုံးကွင်း အဆောက်အအုံ လဲကျခြင်းတို့ရှိပြီး အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

“ညောင်ရွှေမှာ မွန်းလွဲ ၁ နာရီလောက်ပေါ့။ မိုးသက်လေပြင်းတိုက်တာ မိုးသီးနည်း နည်းကျတယ်။ လေဆင်နှာမောင်းပုံစံနဲ့ ဝင်လာတာ။ ခဏလေးပဲ ငါးမိနစ်လောက်လေးပဲကြာတယ်။ နေအိမ်လေးလုံးနဲ့ အ.ထ.က (၁) ကျောင်း ၇၅ ရာခိုင်နှုန်း အမိုးလန်တယ်။ ဆောက်လက်စအိမ်တစ်လုံး ပျက်ပြီးတော့ ဆိုင်းဘုတ်နည်းနည်းပျက်တယ်။ အခုတော့ ငြိမ်သွားပါပြီ။ မိုးဖွဲဖွဲကျတယ်” ဟု ညောင် ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးနေမျိုးက ပြောကြားသည်။

Most Read

Most Recent