AFP အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့များ တောင်ပြိုနယ်စပ် ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်နေသည့် ဘင်္ဂါလီများနှင့် သွားရောက် တွေ့ဆုံ

AFP အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့များ တောင်ပြိုနယ်စပ် ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်နေသည့် ဘင်္ဂါလီများနှင့် သွားရောက် တွေ့ဆုံ
Published 26 April 2018

AFP အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့များ တောင်ပြိုနယ်စပ် ခြံစည်းရိုးအပြင်ဘက်တွင် တရားမဝင် နေထိုင်နေသည့် ဘင်္ဂါလီများနှင့် ဧပြီ ၂၅ ရက်က သွားရောက်တွေ့ဆုံစဉ်

AFP အပါအဝင် ပြည်တွင်း ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာအဖွဲ့များ တောင်ပြိုနယ်စပ်ရှိ နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်နေသည့် ဘင်္ဂါလီများနှင့် ဧပြီ ၂၅ ရက် နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မောင်တောဒေသ မြေပြင်အခြေအနေမှန် သတင်းရယူရန် ရောက်ရှိနေသည့် AFP အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာများသည် ဧပြီ ၂၅ ရက် နံနက် ၈ နာရီ ၃၅ မိနစ်တွင် တောင်ပြိုနယ်စပ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် ဘင်္ဂါလီစခန်းသို့ ရောက်ရှိခဲ့ပြီး ပြန်လည် ဝင်ရောက်ခြင်းမရှိသည့် အခြေအနေများကို မေးမြန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ်မှတ်တိုင် ၃၄ နှင့် ၃၅ အကြား နယ်စပ် သုညမျဉ်းနှင့် နယ်စပ်ခြံစည်းရိုးကြားတွင် တရားမဝင် နေထိုင်ကြသည့် ဘင်္ဂါလီ ၂၀၀၀ ကျော် ရှိနေကြောင်းနှင့် ၎င်းတို့က နိုင်ငံသားကတ်နှင့် မူလနေရာတွင် နေအိမ်များ ဆောက်လုပ်ပေးရန် တောင်းဆိုနေပြီး ပြန်လည် ဝင်ရောက်လာခြင်းကို ငြင်းဆန်နေကြောင်း သိရသည်။

ယင်းမှတစ်ဆင့် တောင်ပြိုလက်ဝဲရှိ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို သွားရောက် မှတ်တမ်းရယူခဲ့ကြကြောင်း၊ နံနက် ၉ နာရီခွဲတွင် ပြန်လည် ထွက်ခွာခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြည်လည်လက်ခံရေး ကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များအား မြေပြင်ကွင်းဆင်း သတင်းရယူရန် ပြည်တွင်း သတင်းဌာနများနှင့် ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာများသည် ဧပြီ ၂၄ ရက်က မောင်တောဒေသသို့ ရောက်ရှိခဲ့ပြီး မောင်တောခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး က ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားခဲ့မှုနှင့် လတ်တလော ဆောင်ရွက်နေသည့် UEHRD လုပ်ငန်းစဉ်များ စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများက သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ငါးခူရ ပြန်လည် လက်ခံရေးစခန်း ရောက်ရှိရာ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပြန်လည် ဝင်ရောက်လာသူများအား NVC ကတ် ထုတ်ပေးရေး လုပ်ငန်းအစီအစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာအဖွဲ့များက သိလိုသည်များကို မေးမြန်းကြသည်။

ယင်းနောက် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိပြီး ကြားစခန်း အပြီးသတ် တည်ဆောက်နေမှုများနှင့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည် သတင်းရယူကြသည်။ ထို့နောက် သတင်းမီဒီယာအဖွဲ့သည် နေရပ်စွန့်ခွာပြီး ပြန်လည် ဝင်ရောက်လာသည့် မိသားစုဝင် ငါးဦးအား သီးခြားစီ တွေ့ဆုံကာ တစ်ဖက်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် နေ့ရက်၊ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းရင်း၊ ဝင်ရောက်ခဲ့သည့်နေရာ၊ တစ်ဖက်နိုင်ငံတွင် နေထိုင်ခဲ့သည့်နေရာ၊ လက်ရှိနေထိုင်နေမှု၊ အလုပ်အကိုင်၊ တစ်ဖက်နိုင်ငံမှ ပြန်မလာကြသူများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ အမြင်၊ လက်ရှိ အခြေအနေတွင် အနှောင့်အယှက်ရှိ၊ မရှိနှင့် NVC ကတ်အပေါ် ၎င်းတို့၏ အမြင်များနှင့် စပ်လျဉ်း၍ မေးမြန်း သတင်းရယူခဲ့ကြကြောင်း သိရသည်။

သတင်းမီဒီယာအဖွဲ့တွင် MNA ၊ MRTV ၊ TBS Asahi ၊ CRI ၊ Xinhua ၊ AFP ၊ VOA ၊ BBC ၊ The Mainichi Newspaper နှင့် RFA သတင်းဌာနတို့မှ သတင်းသမား စုစုပေါင်း ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent