အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အလှူခံကြွလာသည့် ဘုန်းကြီးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အလှူခံကြွလာသည့် ဘုန်းကြီးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
Published 25 April 2018

အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးအား အလှူခံကြွလာသည့် ဘုန်းကြီးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ဧပြီ၂၄ ရက်တွင် စစ်ကိုင်းအမှတ် (၂) စခန်းမှ သိရသည်။

ဧပြီ ၂၃ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းမြို့ နီလာရပ်ကွက်တွင်နေထိုင်သော ဒေါ်... (၄၃) နှစ်သည် အသက်ကိုးနှစ် ခြောက်လအရွယ်သမီးဖြစ်သူ မ.... အား နေ အိမ်တွင်ထားခဲ့ကာ သားဖြစ်သူနှင့် ဈေးဝယ်ထွက်သွားခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ဦးဥတ္တမ ၃၀ နှစ်၊ ငါးဝါရှိ ဘုန်းကြီးသည် ၎င်းတို့နေအိမ်သို့ အလှူခံရောက်ရှိလာခဲ့ရာ ဒေါ်...  ၏ သမီး မ... က အလှူငွေ ၂၀၀ ကျပ် ထည့်ခဲ့သော်လည်း ဘုန်းကြီးမှ လူကြီးများမရှိသည်ကို အခွင့်ကောင်းယူကာ နေအိမ်ပေါ်သို့ တက်ရောက်ပြီး မ... အား အဓမ္မပြုကျင့်ရန် ကြံစည်စဉ် မ.... က အော်ဟစ်အကူအညီတောင်းခဲ့ရာ ရပ်ကွက်အတွင်းရှိ လူများရောက်ရှိလာပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ (ဦးဥတ္တမ) လူနာမည် အောင်လွင်ဌေး၊ ၃၀ နှစ်အား စစ်ကိုင်းမြို့မရဲစခန်း တွင် (ပ)-၁၈၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ- ၃၇၆/ ၅၁၁ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent