ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်အခမ်းအနား ပြုလုပ်
Published 23 April 2018

ပဲခူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး မိန့်ခွန်းအား ကြိုဆိုထောက်ခံသော ဆိုင်းဘုတ်တင် အခမ်းအနားကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီခွဲ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းဒန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဗဟိုအမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်မေဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးတို့ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး NLD ပါတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“အစ်မတို့ ဒီနေ့လုပ်တာကတော့ သမ္မတကြီးရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံပွဲပေါ့။ သမ္မတကြီး ဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ လုပ်တဲ့အချိန်ကတည်းက ပြည်သူကိုမျက်နှာမူပြီး လုပ်ခဲ့တာပါ။ သူ့လက်ထက်မှာ တရားဥဒေစိုးမိုးရေးတို့၊ အဂတိတိုက်ဖျက်ရေးတို့ကို ပိုမိုလုပ်ဆောင်ပြီး ပြည်သူ့မျက်နှာကိုပဲကြည့်ပြီး လုပ်ဆောင်မယ်လို့ အစ်မနဲ့အတူ ပြည်သူတွေကလည်း ယုံကြည်ကြပါတယ်။ သမ္မတကြီးဖြစ်လာတော့ တရားဥပဒေစိုးမိုးရေးအတွက် သူ့လက်အောက်က ကိုင်တွယ်လို့ရတဲ့ဌာနတွေကို ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့လည်း သိထားပါတယ်” ဟု ပဲခူး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ဖွယ်ဆေးက ပြောကြားသည်။

ထို့နောက် သမ္မတကြီး၏ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို တစ်နာရီခန့်ကျင်းပပြီး နံနက် ၈ နာရီခွဲတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent