ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်

ပဲခူးမြို့တွင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး မိန့်ခွန်းကို ကြိုဆိုထောက်ခံသည့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်
Published 22 April 2018
 
ပဲခူးမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်၏ မြန်မာနှစ်သစ်ကူး မိန့်ခွန်းအား ကြိုဆိုထောက်ခံသော ဆိုင်းဘုတ်တင် အခမ်းအနားကို ဧပြီ ၂၂ ရက် နံနက် ၇ နာရီခွဲအချိန်တွင် စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အခမ်းအနားသို့ ပဲခူူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းဒန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဗဟို အမျိုးသမီးကော်မတီဥက္ကဌ ဒေါက်တာဒေါ်မေဝင်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးတို့မှ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး NLD ပါတီအဖွဲ့ဝင်များ လွှတ်တော်ကိုယ်သားလှယ်များ အပါအဝင် လူအင်အား ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
 
“အမတို့ ဒီနေ့လုပ်တာကတော့ သမ္မတကြီးရဲ့ နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုထောက်ခံပွဲပေါ့။ သမ္မတကြီးဦးဝင်းမြင့်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဌလုပ်တဲ့ အချိန်တည်းက ပြည်သူကိုမျက်နှာမူပြီး လုပ်ခဲ့တာပါ သူ့လက်ထက်မှာ တရားဥဒေစိုးမိုးရေးတို့ အဂတိတိုက်ဖျက်ရေးတို့ကို ပိုမိုလုပ်ဆောင်ပြီး ပြည်သူမျက်နှာကိုပဲကြည့်ပြီး လုပ်ဆောင်မယ်လို့ အမနဲ့အတူ ပြည်သူတွေကလည်း ယုံကြည်ကြပါတယ်။ သမ္မတကြီးဖြစ်လာတော့ တရားဥပဒေစိုးမိုးရေးအတွက် သူလက်အောက်က ကိုင်တွယ်လို့ရတဲ့ ဌာနတွေကို ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့လည်း သိထားပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ဖွယ်ဆေးမှ ပြောကြားသည်။
 
ထို့နောက်သမ္မတကြီး၏ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို တစ်နာရီခန့် ကျင်းပပြီး နံနက် ၈ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent