ကလေးမြို့၌ လူတစ်ဦး ဆွဲကြိုးချ သေဆုံး

ကလေးမြို့၌ လူတစ်ဦး ဆွဲကြိုးချ သေဆုံး
Published 22 April 2018

ကလေးမြို့တွင် ဧပြီ ၂၁ ရက် နံနက် ၆ နာရီခွဲခန့်က လူတစ်ဦး အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃၊ ဖုန်းတာဝါတိုင်ရှေ့ လယ်စောင့်တဲ၏ ထုပ်တန်းပေါ်တွင် မိုးကာစအနီရောင် ဘေးလွယ်အိတ်ကြိုးဖြင့် ဆွဲကြိုးချ၍ သေဆုံးခဲ့သည်ဟု သိရသည် ။

ဖြစ်စဉ်မှာ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃ တွင် လူတစ်ဦး ဆွဲကြိုးချ၍ သေဆုံးနေကြောင်း သိရ၍ ကလေးမြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ရာ ဆွဲကြိုးချလျက် သေဆုံးနေကြောင်း တွေ့ရှိရပြီး သေဆုံးသူမှာ ကို... (၃၄ နှစ်) အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃ တွင် နေထိုင်သည့် ယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း သိရသည်။

“သေဆုံးသူက ဘေးလွယ်အိတ်ထဲမှာပါတဲ့ ကြိုးနဲ့ ဆွဲကြိုးချ သေဆုံးခဲ့တာဖြစ်ပြီးတော့ လွယ်အိတ်အတွင်းမှာတော့ ဇနီးသည်ဖြစ်သူကို မှာကြားနှုတ်ဆက်တဲ့ ပုံစံနဲ့ရေးသားထားတဲ့ စာရွက်နှစ်ရွက်ကို တွေ့ရပါတယ်” ဟု သေဆုံးသည့်နေရာတွင် စစ်ဆေးရာတွင် လိုက်ပါခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ ကလေးမြို့ မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၈ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent