နှစ်ကူးပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်နေခြင်းကြောင့် မဲဆောက်-ဘန်ကောက် ကားခဈေးနှုန်း မြင့်တက်ပြီး လက်မှတ်ဝယ်ယူရ အခက်တွေ့နေ

နှစ်ကူးပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်နေခြင်းကြောင့် မဲဆောက်-ဘန်ကောက် ကားခဈေးနှုန်း မြင့်တက်ပြီး လက်မှတ်ဝယ်ယူရ အခက်တွေ့နေ
Published 22 April 2018

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး တွေ့ရစဉ်

မိခင်မြန်မာနိုင်ငံသို့ပြန်၍ နှစ်သစ်ကူးအတာသကြန်ပွဲ ဆင်နွှဲခဲ့သည့် ရွှေ့ပြောင်းလုပ်သားများသည် လုပ်ငန်းခွင်ရှိရာ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်နေခြင်းကြောင့် မဲဆောက်-ဘန်ကောက် ကားခဈေးနှုန်း မြင့်တက်ကာ လက်မှတ်ဝယ်ယူရ အခက်အခဲဖြစ်လျက်ရှိကြောင်း သိရသည်။

ဘန်ကောက်သို့ ပြန်သွားမည့်သူ များပြားခြင်းကြောင့် မဲဆောက်မြို့ရှိ အဝေးပြေးကားဂိတ်တွင် ကားစီးခရီးသည်များ ကြိတ်ကြိတ်တိုးလျက်ရှိကာ နံနက် ၇ နာရီဆိုလျှင် လက်မှတ်မရှိတော့ကြောင်း သိရသည်။

“မဲဆောက်မြို့မှာရှိတဲ့ ဘန်ကောက်ကားလက်မှတ် ပွဲစားဈေးနှုန်းက လို့တု (ကားလတ်) ရိုးရိုး ၆၅၀ ဘတ်၊ ၇၀၀ ဘတ်နှစ်စားဗ ျ။ နှစ်ထပ်ကားကြီး ၆၀၀ ဘတ်၊ ၇၀၀ ဘတ် ဖြစ်နေပါတယ်။ သူလည်း နှစ်စားကြားရတယ်ဗျို့။ ယခင်ထက် အထူးသဖြင့်တော့ ပင်ရင်းဈေးထက်တော့ မြင့်တက်သွားတာပေါ့” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ချစ်ကြည်ရေးတံတားအနီးတွင် ခရီးသည်ပို့ဆောင်ရေး အကျိုးဆောင်ပေးသူ (ပွဲစား) များ၏ “အပေါ်ပြန်တက်မှာလား။ ကားလက်မှတ်မရှိတော့ဘူး။ ကားဝင်းသွားလည်း မောရုံပဲနော်။ ဒီမှာ အဆင်သင့်ရှိတယ်နော်” စသည့်ပြောဆိုမှုမျိုးလည်း ကျယ်ကျယ်လောင်လောင် ကြားနေရသည်။

သို့ဖြစ်၍ လုပ်ငန်းခွင်သို့ သွားရောက်ကြမည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား ထိုင်းနိုင်ငံမှ တရားဝင်အစိုးရကားများဖြင့် သွားလာကြရန် တိုက်တွန်းထားသည်။

“ထိုင်းအစိုးရရဲ့ တရားဝင် ကိုးသုံးလုံး (၉၉၉) နှစ်ထပ်ကားလိုမျိုး၊ တရားဝင်ပြေးဆွဲနေတဲ့ လိုင်းကားတွေနဲ့သာ သွားလာဖို့ တိုက်တွန်းလိုပါတယ်။ နေရာအရောက်ပို့ပေးရုံနဲ့ မိမိအသက်အန္တရာယ်အတွက် အာမခံချက်မရှိတဲ့ လို့တု (ကားလတ်) တွေနဲ့ မသွားကြဘဲ တရားဝင်ကားတွေနဲ့ သွားလာကြဖို့ မှာချင်ပါတယ်” ဟုလည်း ဦးမိုးကြိုးက ပြောကြားသည်။

ထို့ပြင် မိမိစီးနင်းမည့် မော်တော်ယာဉ် ကြံ့ခိုင်မှု ရှိ၊ မရှိ ယာဉ်မောင်းများအား အရက်သေစာ သောက်စားခြင်း ရှိ၊ မရှိကိုလည်း ကြည့်ရှုသုံးသပ် ကန့်ကွက်ဖို့လိုအပ်သည်ဟု ဆိုသည်။

သြင်္ကန်ခွင့်ရက် ကုန်ဆုံးမည့် ဧပြီ ၃၀ ရက် နီးလာလေလေ ယခုကဲ့သို့ ကားလက်မှတ်အခက်အခဲ ပိုမိုများပြားလာလေ ဖြစ်သည့်အတွက် ထိုင်းအဝေးပြေးယာဉ်လိုင်း ကြီးကြပ်သူများအနေဖြင့် မော်တော်ယာဉ်များ တိုးချဲ့ပြေးဆွဲဖို့ လိုအပ်ကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

မဲဆောက်- ဘန်ကောက် ကားလက်မှတ် နေ့ချင်းဝယ်ယူ၍ မရခြင်းကြောင့် တစ်ညအိပ်ပြီးမှ ကားလက်မှတ်ဝယ်ယူသူ အချို့ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent