ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ညွှန်ကြားရေးမှူးတစ်ဦးအား နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူ

ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ညွှန်ကြားရေးမှူးတစ်ဦးအား နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူ
Published 20 April 2018

ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ညွှန်ကြားရေးမှူးအဆင့်ရှိသူ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်အား နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးတစ်ဆင့်ချ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသြ ကီးအစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မင်းနိုင်မှာ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများနှင့် စည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်ခဲ့သောကြောင့်ဟုဆိုကာ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ညွှန်ကြားရေးမှူး ရာထူးမှ ဒုတိယညွှန်ကြားရေးမှူး ရာထူးသို့ ရာထူးတစ်ဆင့်ချ အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဝန်ထမ်း စည်းမျဉ်းစည်းပေါ့နော်၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း မလိုက်နာမှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့အညီပဲ ရာထူးတစ်ဆင့် ချလိုက်တာပေါ့၊ အဲ့ရာထူး တစ်ဆင့်ချပြီးတော့ ညွှန်ကြားရေးမှူးကနေ ဒုတိယညွှန်ကြားရေးမှူး ရာထူးချပြီးတော့ ဖျာပုံကို ပြောင်းရွှေ့မိန့် ထုတ်လိုက်တယ်၊ သူ့နေရာမှာက တိုင်းစည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးနိုင်လင်းမောင်က ခေတ္တညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မယ်”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ် လက်ထက်တွင် ညွှန်ကြားရေးမှူး ရာထူးအဆင့်ရှိသူ တစ်ဦးအား နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူဆောင်ရွက်သည့် ယခုဖြစ်စဉ်မှာ ပထမဆုံးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent