မြန်မာ့ဆေးဝါးလုပ်ငန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအသစ် ၂၁ မျိုး ထုတ်လုပ်ခဲ့ပြီး လက်ရှိဆေးဝါးအသစ်ငါးမျိုးကို FDA အတည်ပြုချက်ရရှိရန် လျှောက်ထား

မြန်မာ့ဆေးဝါးလုပ်ငန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအသစ် ၂၁ မျိုး ထုတ်လုပ်ခဲ့ပြီး လက်ရှိဆေးဝါးအသစ်ငါးမျိုးကို FDA အတည်ပြုချက်ရရှိရန် လျှောက်ထား
Published 20 April 2018

ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်းအတွင်း တစ်နေရာကို တွေ့ရစဉ်

မြန်မာ့ဆေးဝါးလုပ်ငန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုး ထုတ်လုပ်ခဲ့ပြီး လက်ရှိဆေးဝါး အသစ်ငါးမျိုးကို FDA အတည်ပြုချက်ရရှိရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၄ မျိုးနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမည်သစ် ၂၁ မျိုး တီထွင်စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဆေးဝါး ၁၇ မျိုးအနက် အိပ်ချ်အိုင်ဗွီ ရောဂါဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300 mg) ဆေး၊ ဗက်တီးရီးယား ပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule နှင့် Flocomox Capsule၊ ကင်ဆာဝေဒနာရှင်များအတွက် နာကျင်မှု သက်သာစေသော (Pain Killer) တစ်မျိုးဖြစ်သည့် Tramadol ကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းနှင့် အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြှင့်စေသော ဆေးဖြစ်သည့် Neurovit Injection၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ ကုသဆေးဖြစ်သည့် Dopamine Injection၊ သွေးတွင်းအဆီကျဆေး Rosuvastatin Caplet၊ အစာအိမ်ရောဂါကုသဆေး Ranitidine Tablet၊ လက်သန့် ဆေးရည် Hand Sanitize ဆေးငါးမျိုးကို FDA အတည်ပြုချက်ရရှိရေး လျှောက်ထားလျက်ရှိကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ကျန်းမာရေး အထောက်အကူပြု အိမ်သုံးဆေးဝါးအမျိုးမျိုးကို တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ဆေးဝါးများ အလွယ်တကူ ဝယ်ယူနိုင်ရန် စက်မှုဝန်ကြီးဌာန၊ ဆေးဝါးအရောင်းဆိုင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် BPI ဆေးဝါးအရောင်းဆိုင် ၈၉ ဆိုင် ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် မြွေဆိပ်ဖြေဆေး တိုးမြှင့်ထုတ်လုပ်ရေး အဆောက်အအုံကို ၂၀၁၆ ခုနှစ် မေ ၂၀ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌ ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ်မီးမရရှိသည့် ကျေးလက်ဒေသများတွင် သာမန်အခန်းအပူချိန်၌ ဆေးသက်တမ်းငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက်ပုံစံဖြင့် မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်ခဲ့ကြောင်းနှင့် ထိုးဆေးအမျိုးအစား ၁၀ မျိုးကို တစ်နှစ်လျှင် သန်း ၂၀ ထုတ်လုပ်နိုင်သည့် Small Volume Production Plan နှင့် တစ်နှစ်လျှင် ငါးသန်းထုတ်လုပ်နိုင်သည့် Cephalasporin Injection Plant တို့ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆေးဝါးစက်ရုံ (အင်းစိန်) ၌လည်းကောင်း၊ Povidine (အနာကျက်ဆေးရည်) ထုတ်လုပ်သည့် အဆောက်အအုံသစ်ကို ဆေးဝါးစက်ရုံ (အင်ရောင်း) တွင် ၂၀၁၈ ခုနှစ် မတ် ၂၀ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent