ပြည်ပရောက် မြန်မာကျွမ်းကျင်လုပ်သားများ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များ ပြည်တွင်း၌ရှိကြောင်း ထုတ်ပြန်

ပြည်ပရောက် မြန်မာကျွမ်းကျင်လုပ်သားများ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များ ပြည်တွင်း၌ရှိကြောင်း ထုတ်ပြန်
Published 20 April 2018

ပြည်ပရောက် မြန်မာကျွမ်းကျင်လုပ်သားများအနေဖြင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြေအနေကောင်းများစွာရှိကြောင်း JobNet.com.mm သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းရှိကုမ္ပဏီများအနေဖြင့် အလုပ်အကိုင်ရာထူးအမျိုးမျိုးအတွက် အထူးသဖြင့် အလယ်အလတ်အဆင့်ရှိ Management ရာထူးများနှင့် အထက်ပိုင်းရာထူးကြီးများအတွက် မြန်မာအလုပ်သမားများကိုသာ ခန့်အပ်ရန် ပိုမိုလိုလားကြကြောင်း သိရသည်။

“ဥပဒေအရရော အနေအထားအရ မန်နေဂျာရာထူးလောက်ကစပြီး အပေါ်ပိုင်းတွေအထိတောင် မြန်မာလုပ်သားတွေကို အလုပ်ခန့်လာတာ တွေ့ရပါတယ်။ ရပ်ဝေးကိုသွားစရာမလိုတော့ဘဲ ကိုယ့်နိုင်ငံထဲမှာတင် မိသားစုအနားမှာနေပြီး ကိုယ့်ဘဝတက်လမ်း Career တွေကိုယူသွားနိုင်တဲ့ အခြေအနေရောက်နေပြီဖြစ်တဲ့အတွက် JobNet.com.mm ကနေ ဖိတ်ခေါ်ရတာလည်းဖြစ်ပါတယ်” ဟု JobNet.com.mm ၏ လူထုဆက်ဆံရေးမန်နေဂျာ ကိုမှူးအိမ်ဇော်က ပြောကြားသည်။

ယခင်ငါးနှစ်အတွင်းက မြန်မာအလုပ်သမားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေရာတွင် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရှာဖွေကြရသည်။ လက်ရှိတွင် အခြားနိုင်ငံများသို့ အလုပ်အကိုင်အခွင့်အလမ်းများကြောင့် သွားရောက်သူများရှိနေသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပိုမိုကောင်းမွန်လာနိုင်သည့် အနာဂတ်အခြေအနေများကြောင့် အဝေးရောက် အချို့မြန်မာအလုပ်သမားများမှာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ယင်းတို့နှင့် အံဝင်ခွင်ကျ ဖြစ်မည့်အလုပ်များကိုလည်း ရှာဖွေလုပ်ကိုင်လာကြောင်း JobNet.com.mm စစ်တမ်းကောက်ယူမှုများအရ သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ၁၉၉၀ မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ အလုပ်သမားစေလွှတ်ခဲ့သောနိုင်ငံများမှာ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ လစ်ဗျား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဘရူနိုင်း၊ ယူအေအီး၊ ယူအက်(စ်)အေ၊ ပြင်သစ်၊ ဂျာမနီ၊ ကာတာ၊ ကူဝိတ်၊ ဟောင်ကောင်၊ မကာအို စသောနိုင်ငံများသို့ မြန်မာလုပ်သားများကို အများဆုံးစေလွှတ်ခဲ့ကြောင်း သိရသည်။

JobNet Myanmar သည် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်ရှာဖွေရန်၊ အလုပ်သမားရရှိရန် အခြေအနေများအတွက် အကောင်အထည်ဖော်ဆောင်နေလျှက်ရှိ အဝေးရောက် မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် ၎င်းတို့လက်ရှိလုပ်ကိုင်လျက်ရှိသော နိုင်ငံများမှပင် မြန်မာနိုင်ငံတွင်းမှ နိုင်ငံအလုပ်အတွေ့အကြုံရှိသော လုပ်သားများကိုခေါ်ယူနေသော အလုပ်ခေါ်ယူမှုများကို ဤ https://www.jobnet.com.mm/jobs-in-myanmar.repat ဝက်ဘ်ဆိုက်မှတစ်ဆင့် ရှာဖွေလျှောက်ထားနိုင်မည်ဖြစ်သည်။

Most Read

Most Recent