ဧရာဝတီတိုင်းဒေသကြီး၌ သြင်္ကန်တွင်းကာလ ယာဉ်တိုက်မှုများကြောင့် ၁၂ ဦး သေဆုံးပြီး ၁၀၂ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၌ သြင်္ကန်တွင်းကာလ ယာဉ်တိုက်မှုများကြောင့် ၁၂ ဦး သေဆုံးပြီး ၁၀၂ ဦး ဒဏ်ရာရ
Published 20 April 2018

ဧရာဝတီတိုင်းဒေသကြီး၌ သြင်္ကန်တွင်းကာလ ယာဉ်တိုက်မှုများကြောင့် ၁၂ ဦး သေဆုံးပြီး ၁၀၂ ဦး ဒဏ်ရာရခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရရှိသည့် စာရင်းအရ သိရသည်။ မြို့နယ် ၂၆ မြို့နယ်ရှိသည့် ဧရာဝတီတိုင်းဒေသကြီး၌ သြင်္ကန်တွင်းကာလတွင် ယာဉ်တိုက်မှု ၄၄ မှု ဖြစ်ပွားခဲ့သည်။

“ဒီနှစ်သြင်္ကန်ကာလအတွင်းမှာ ယာဉ်တိုက်မှုတွေ အားလုံးပေါင်း ၄၄ မှု ဖြစ်ခဲ့ပါတယ်။ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၁၀၂ ဦး ရှိပါတယ်။ ခရီးသွားရင်း ကားတိမ်းမှောက်တာတို့၊ ဆိုင်ကယ်တိမ်းမှောက်တဲ့ကိစ္စတို့၊ တိုက်မိတဲ့ကိစ္စတို့တွေပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“ဟင်္သာတမှာ ယာဉ်တိုက်မှုအများဆုံးက သြင်္ကန်အကျနေ့ဖြစ်ပါတယ်။ ဒဏ်ရာရသူများသလို သေဆုံးသူလည်း ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ရုံးမှာ အသင့်ရှိနေခဲ့သလို မြို့ပေါ်လှည့်ပြီး ကူညီမှုတွေလည်းပေးခဲ့တယ်။ များသောအားဖြင့် လူစည်ကားတဲ့ ဗဟိုမဏ္ဍပ်လိုနေရာမျိုး၊ ဧရာဝတီတိုင်းမှာ ပထမဦးဆုံးအနေနဲ့ ဟင်္သာတမှာပြုလုပ်တဲ့ လမ်းလျှောက်သြင်္ကန်လို နေရာမျိုးတွေမှာ ကားနဲ့အသင့်စောင့်ပေးခဲ့တယ်။ အဲဒီနေရာတွေမှာတော့ ခိုက်ရန်ဖြစ်ပွားမှုတို့၊ ယာဉ်တိုက်မှုတို့ မရှိခဲ့ဘူး။ အခြားမြို့နယ်တွေက ဟင်္သာတဆေးရုံကို လွှဲလာတဲ့ လူနာတွေ၊ ဟင်္သာတဆေးရုံကနေ ရန်ကုန်ကို လွှဲတဲ့အခါမှာ ကျွန်တော်တို့ကူညီ ပို့ဆောင်ပေးခဲ့တယ်” ဟု ဟင်္သာတခရိုင် ပရဟိတကွန်ရက်ရုံးမှ ကိုကျော်ကျော်က ပြောကြားသည်။

Most Read

Most Recent