<

ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးဒေသ ရသေ့တောင်စခန်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးဒေသ ရသေ့တောင်စခန်းတွင် ဧပြီ ၁၈ ရက်က စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က ပြည်နယ်မှုခင်းအကူဌာနမှ ရဲတပ်ကြပ်ကြီး အေးမင်းထွန်း၊ သထုံခရိုင်မှု ခင်းနှိမ်နင်းရေးဌာနမှ ရဲအရာခံ မျိုးကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးဒေသ ရသေ့တောင်စခန်းရှိ ကားဝင်းအတွင်းရှိ စားသောက်ဆိုင်တစ်ခုအတွင်း ထိုင်နေသည့် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ၊ ကျိုက်ထီးရိုးတောင်၊ မုဆိုးတောင်ဘုရားလမ်းနေ ဇင်မင်းထက် (ခ) ကိုဇင်နှင့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းကျေးရွာနေ မျိုးချင်းတို့နှစ်ဦးအား ရှာဖွေစစ်ဆေးခဲ့ရာ ဇင်မင်းထက် ၀တ်ဆင်ထားသည့် ပုဆိုးခါးပိုက်အတွင်းမှအပေါ်မှ အဖြူရောင် စနိုးတာဝါပိတ်စဖြင့် ပတ်ထုပ်၍ အပြာရောင်ကပ်ခွာ အိတ်အတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၄ ပြား၊ အစိမ်းရောင်နှစ်ပြား၊ စုစုပေါင်း ၉၈ ပြားနှင့် ငွေစက္ကူရောရာကျပ် ၁၆၅၀၀၀ အား ၎င်းဝတ်ဆင်ထားသည့် ပုဆိုးယာဘက်ခါးကြားမှလည်းကောင်း၊ ဇင်မင်းထက် (ခ) ကိုဇင်ကိုင်ဆိုင်သော Samsung အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် မျိုးချင်းကိုင်ဆောင်သည့် Vivo အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံးတို့အား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်းပြီး သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ပတ်သက်ပြီး ဇင်မင်းထက် ခေါ် ကိုဇင်ကို စစ်ဆေးမေးမြန်းတဲ့အခါမှာ လွန်ခဲ့တဲ့ ဧပြီ ၁၃ ရက်က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ မျိုးချင်း ယူဆောင်လာတဲ့ဆေးပြားတွေဖြစ်ပြီးတော့ ပြန်လည်ရောင်းချဖို့အတွက် ၀ယ်လက်နဲ့ ချိန်းဆိုထားတဲ့အချိန်မှာ စားသောက်ဆိုင်ထဲမှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကင်မွန်းချောင်းနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်” ဟု ပြည်နယ်မှုခင်း အကူဌာနမှ ရဲတပ်ကြပ်ကြီး အေးမင်းထွန်းက ပြောကြားသည်။

April 19, 2018














Copy Protected by Chetan's WP-Copyprotect.