ကမ္ဘာ့ရွှေဈေး လေးရက်ဆက်တိုက်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၈၄၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး လေးရက်ဆက်တိုက်တက်လာပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၈၄၀၀ အထိ မြင့်တက်
Published 20 April 2018

ကမ္ဘာ့ရွှေဈေးသည် လေးရက်ဆက်တိုက်လာပြီး ဧပြီ ၁၉ ရက်တွင် ၁၃၅၄ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိခဲ့ကာ ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၉၄၈၄၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင် ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိ မြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ကျပ် ၉၃၉၅၀၀၊ ဧပြီ ၇ ရက်တွင် ၉၄၃၅၀၀၊ ဧပြီ ၁၉ ရက်တွင် ကျပ် ၉၄၈၄၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ဖေဖော်ဝါရီလဆန်းတွင်လည်း ကမ္ဘာ့ရွှေဈေး အမြင့်ဈေးတွင် ဆက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်ဈေးမှာ ၁၃၄၇ ဒေါ်လာဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၃၁၇ ဒေါ်လာအထိ ကျဆင်းခဲ့ကာ မတ် ၂၇ ရက်တွင် ၁၃၅၅ ဒေါ်လာ၊ ဧပြီ ၂ ရက်တွင် ၁၃၄၂ ဒေါ်လာ၊ ဧပြီ ၆ ရက်တွင် ၁၃၃၃ ဒေါ်လာ၊ ဧပြီ ၁၉ ရက်တွင် ၁၃၅၄ ဒေါ်လာ ဖြစ်ပေါ်ခဲ့သည်။

Most Read

Most Recent