ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့်

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့်
Published 17 April 2018

ဟင်္သာတအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူ ၂၃ ဦး လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျဉ်းသားများကို ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲခန့်အချိန်က လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား (၂၁) ဦးနှင့် အကျဉ်းသူ (၂) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများမှာ မူးယစ်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၁၂) ဦး၊ စစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၈) ဦးနှင့် ရဲစည်းကမ်းဖောက်ဖျက်မှှုဖြင့် ပြစ်ဒဏ်ကျခံနေရသူ (၃) ဦးတို့ဖြစ်ကြောင်း သိရသည်။

ဟင်္သာတအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သူများမှာ အနိမ့်ဆုံးပြစ်ဒဏ် (၆) လမှ အမြင့်ဆုံးပြစ်ဒဏ် (၁၂) နှစ်အထိ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။

လွတ်မြောက်ခဲ့သူများအနက် အမြင့်ဆုံးပြစ်ဒဏ် (၁၂) နှစ် ချမှတ်ခြင်းခံခဲ့ရသူမှာ ကချင်ပြည်နယ်မှဖြစ်ပြီး ဘိန်းဖြူသုံးစွဲမှုနှင့် ၎င်းကိုယ်ပေါ်မှ ဘိန်းဖြူ (ဝ.၀၇၁) ဂရမ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်ကာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက် နိုင်ငံတော်သမ္မတရုံးအမိန့်အရ မူလပြစ်ဒဏ် (၁၂) နှစ်၏ လေးပုံတစ်ပုံဖြစ်သော လျှော့ရက်ပေါင်း (၁၀၈၀) ရက်အား လျှော့ပေါ့ခံစားခွင့် ရရှိထားသူဖြစ်ကြောင်း သိရသည်။

Most Read

Most Recent