မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ စုစုပေါင်း ၄၆၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်

မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ စုစုပေါင်း ၄၆၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်
Published 17 April 2018

မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ စုစုပေါင်း ၄၆၀ ဦးသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနှစ်ဆန်းတစ်ရက် (ဧပြီ ၁၇ ရက်) မွန်းလွဲပိုင်းက လွတ်မြောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီ ၁၇ ရက်က မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို) မှ အကျဉ်းသား ၄၂၈ ဦး၊ အကျဉ်းသူ ၃၂ ဦးတို့ လွတ်မြောက်ခဲ့ကာ မတရားအသင်းအက်ဥပဒေ ၁၇(၁) ၊၂၁ (က) ဖြင့် သေဒဏ် ကျခံနေရသည့် အကျဉ်းသားတစ်ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်း (၁) မှ အကျဉ်းသား ၁၈၁ ဦး၊ ထုံးဘိုကုန်ထုတ်လုပ်ရေးစခန်း (၂) မှ အကျဉ်းသား ၁၃၆ ဦး၊ ကျောက်ချော ကုန်ထုတ်လုပ်ရေးစခန်းမှ အကျဉ်းသူ ၁၅၁ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ အခုလို လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး။ ဝမ်းသာလားဆိုတော့ ထောင်ထဲမှာ ကျန်နေခဲ့တဲ့ မတရားသေဒဏ်ပြစ်ဒဏ် အပြစ်ပေးခံထားရတဲ့သူတွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်တော့်က ထောင်ထဲမှာ ၂၀၁၁ ခုနှစ်ကနေ အခု ၂၀၁၈ အထိ နေခဲ့ရပါတယ်။ ပြစ်မှုကတော့ KNU အဖွဲ့အစည်းနဲ့ ဆက်သွယ်ခဲ့တယ်ဆိုပြီးတော့ တပ်မ ၇၁ ကနေ ၁၇(၁)၊၂၁(က)နဲ့ စွဲဆိုပြီး သေဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု သေဒဏ်ချမှတ် ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့သူ ကိုသိန်းဇော်က ပြောကြားသည်။

Most Read

Most Recent