မြဝတီမြို့တွင် ပြုလုပ်ခဲ့သည့် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်

မြဝတီမြို့တွင် ပြုလုပ်ခဲ့သည့် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်
Published 17 April 2018

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက် (ဧပြီလ ၁၇ ရက်) နံနက်က ကရင်ပြည်နယ် မြဝတီမြို့တွင် ပြုလုပ်ခဲ့သည့် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန် းတက်ရောက်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင် မြဝတီမြို့ သောင်ရင်းကမ်းစပ်တွင် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဦဆောင်ပြီး ဇီဝိတဒါနအဖြစ် ငါးအကောင် ၁၀၀၀၀ ကို သောင်ရင်းမြစ်အတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ဇီဝိတဒါန ငါးလွှတ်ပွဲအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိနဗို ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ၊ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ပြီး တပျော်တပါး ငါးလွှတ်ပွဲ ဆင်နွှဲခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွှေမြင်းဝန်စေတီတော် ပရဝုဏ်ဝင်းအတွင်းရှိ သာသနဟိတကာရီဗိမာန်တော်၌ ပြုလုပ်သော သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ကာ လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းခဲ့ကြသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် အသက် ၈၅ နှစ်အထက် ဘိုးဘွားများသာ သတ်မှတ်ခဲ့သဖြင့် ဘိုးဘွား ၈၂ ဦးသာ တက်ရောက်ခဲ့ပြီး ယခင်နှစ်ကထက် များစွာလျော့နည်းခဲ့သည်။ ယခင်နှစ်က အသက် ၈၀ အထက်ရှိသူများကို ပူဇော်ခဲ့၍ ဘိုးဘွား ၂၀၀ ခန့် တက်ရောက်ခဲ့သည် ။ယခုနှစ်တွင် တက်ရောက်လာကြသော ဘိုးဘွားများအနက် အချို့ကို ကျမ်းမာရေးေစောက်ရှာက်မှုအဖြစ် ကျန်းမာရေးဌာနမှ ကုသပေးခဲ့ကြောင်း သိရသည်။

ဘိုးဘွားများအား လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကန်တော့ခဲ့ပြီးနောက် အမှတ် (၄) ရပ်ကွက်ရှိ ဓိဌာန်အောင်စေတီတော် ပရဝုဏ်ဝင်းတွင်း စိမ်းလန်းစိုပြေလာစေရေးအတွက် သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။

Most Read

Most Recent