မြန်မာသက္ကရာဇ် ၁၃၈၀ ၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြိတ်မြို့၌ ဇီဝိတဒါန ငါး၊ ကဏန်းလွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၀ ၊ နှစ်ဆန်းတစ်ရက်နေ့တွင် မြိတ်မြို့၌ ဇီဝိတဒါန ငါး၊ ကဏန်းလွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ
Published 17 April 2018

မြန်မာသက္ကရာဇ် ၁၃၈၀ ၊နှစ်ဆန်းတစ်ရက်နေ့တွင် မြိတ်မြို့၌ ဇီဝိတဒါန ငါး၊ ကဏန်းလွတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်ဆိပ်ကမ်းရှိ ဆိပ်ငယ်ဗောတံတားတွင် ငါးနှင့် ကဏန်းများကို ဘေးမဲ့လွတ်ပေးခဲ့သသလို ပုလဲရတနာခန်းမတွင်လည်း အဘိုးအဘွားများကို ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။ “မနက် ၈ နာရီခွဲမှာ ဇီဝိတဒါန ငါးလွတ်ပွဲ ကျင်းပတယ်၊ ငါးတွေသာမက ကဏန်းတွေလည်း ပါတယ်၊ ဌာနဆိုင်ရာတွေ၊ NGO အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်၊ ၉ နာရီကျော်မှာ သက်ကြီးပူဇော်ပွဲကို ဆောင်ရွက်ပါတယ်၊ အသက် ၉၀ အထက် အားလုံးပေါင်း ၂၀၈ ဦးကို ပူဇော် ကန်တော့ပါတယ်၊ နောက်ပြီး အကျဉ်းထောင်မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းသာခွင့်ပေးဖို့ ရှိတယ်၊ ကျွန်တော်တို့ကဏန်းတွေ၊ ငါးတွေကိုပဲ လွတ်ပေးတာ မဟုတ်ပါဘူး၊ အကျဉ်းထောင်မှာ အကျဉ်းသားတွေကိုပါ လွတ်ပေးဖို့ စီစဉ်ဆောင်ရွက် ထားရှိပါတယ်” လို့ မြိတ်ခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးရည်မွန်မှ ပြောကြားခဲ့သည်။

မြန်မာ နှစ်ဆန်းတစ်ရက်နေ့တွင် မြိတ်အကျဉ်းထောင်မှ အကျဉ်းသားများကို လွတ်ငြိမ်းသာခွင့် ပေးမည်ဖြစ်ပြီး ရပ်ကွက်အလိုက်၊ လမ်းများအလိုက် ဘေးအန္တရာယ်ကင်း ပရိတ်ရွတ်ခြင်း၊ တရားနာခြင်းများကို မိုးချုပ်သည်အထိ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးရည်မွန်မှ ပြောကြားခဲ့သည်။

သက်ကြီးပူးဇော်ပွဲသို့ လာရောက်နိုင်ခြင်း မရှိသည့်အဖိုးအဖွားများကိုလည်း အိမ်တိုင်ရာရောက် လိုက်လံပူဇော် ကန်တော့မည်ဖြစ်သလို ကျန်းမာရေးဌာနမှလည်း အဖိုးအဖွားများအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent