နှစ်ဆန်း ၁ ရက်နေ့ ဖွင့်လှစ်မည့် မောင်တော ရခိုင်ရိုးရာသြင်္ကန် ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့များ အစမ်းလေ့ကျင့်

နှစ်ဆန်း ၁ ရက်နေ့ ဖွင့်လှစ်မည့် မောင်တော ရခိုင်ရိုးရာသြင်္ကန် ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့များ အစမ်းလေ့ကျင့်
Published 17 April 2018

ဓာတ်ပုံ - သားရွှေဦး (ကစ္ဆပ)

နှစ်ဆန်း ၁ ရက်နေ့ ဖွင့်လှစ်မည့် မောင်တော ရခိုင်ရိုးရာသြင်္ကန် ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအဖွဲ့များ အစမ်းလေ့ကျင့်မှုကို ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့တွင် ခရိုင်ထွေအုပ်ရုံးရှေ့ရှိ ရခိုင်ရိုးရာသြင်္ကန် ဗဟိုမဏ္ဍပ်ကို ဧပြီ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်ဖြစ်သော ဧပြီ ၁၇ ရက်နေ့တွင် နံနက်ပိုင်း၌ မောင်တောမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို မြို့မိမြို့ဖများ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး နေ့လည် ၁၂ နာရီအချိန်တွင် ခရိုင်ထွေအုပ်ရုံးရှေ့ရှိ ရခိုင်ရိုးရာသြင်္ကန် ဗဟိုမဏ္ဍပ်ကို ဖွင့်လှစ်မည်ဖြစ်ကာ ဧပြီ ၁၇ ရက်နေ့မှ ဧပြီ ၁၉ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေလောင်းမဏ္ဍပ်များ ဖွင့်လှစ်ရေကစားကြမည်ဖြစ်ပြီး ဧပြီ ၂၀ ရက်နေ့တွင် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန်းတူ ပင်လယ်ကမ်းခြေတွင် ရခိုင်အဆိုတော်များဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲ အပါအဝင် ကမ်းခြေသြင်္ကန်ကို ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

မောင်တောမြို့တွင် ဧပြီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း လူကြီးများမှာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ သီလဆောက်တည်ခဲ့ကြပြီး လူငယ်တစ်ချို့မှာ ဘူးသီးတောင်မြို့ သွားရောက်ရေပက်ခံထွက်ခဲ့ကြသည်။

မနက်ဖြန်စတင်မည့် မောင်တောသြင်္ကန်သို့ ဘူးသီးတောင်မြို့မှ ရေပက်ခံကားများ လာရောက်ကြမည်ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent