<

တောင်ငူမြို့တွင် ၁၃၇၉ ခုနှစ် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ

ဓာတ်ပုံ – ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းထိပ်ရှိ တောင်ငူမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၆ ရက်၊ မဟာသင်္ကြန်အတက်နေ့ ညနေ ၆ နာရီခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့၊ တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တောင်ငူခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ယိမ်းအကအလှအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ၁၃၇၉-၈၀ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကြီးတွင် ရပ်ကွက်အလိုက်၊ အဖွဲ့အစည်းအလိုက်ပါဝင်ခဲ့သော ယိမ်းအကအလှအဖွဲ့များအား ဆုမဲများဖွင့်ဖောက်ကြေငြာပေးခဲ့ကြသည်။

ဆုများအား အဖွဲ့လိုက် ယိမ်းအကအလှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ၉ ဆု၊ တစ်ဦးချင်း ယိမ်းအလှမယ်ဆု ပထမ၊ ဒုတိယ၊ တတိယဆုများအား ဖွင့်ဖောက်ကြေငြာ၍ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုရရှိခဲ့သည့် ယိမ်းအကအဖွဲ့တစ်ဖွဲ့မှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအကအလှများဖျော်ဖြေခြင်း၊ အဆိုတော်ဆင်ပေါက်နှင့်အဖွဲ့တို့မှ မြနန္ဒာသီချင်းဖြင့် ဧည့်ခံဖျော်ဖြေ၍ ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်းတို့ဖြင့် ည ၇ နာရီခန့်တွင် ၁၃၇၉-၈၀ ခုနှစ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

 

April 16, 2018














Copy Protected by Chetan's WP-Copyprotect.