သြင်္ကန်အတက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ငါးရက်ခန့် မိုးရွာသွန်းမည်

သြင်္ကန်အတက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ငါးရက်ခန့် မိုးရွာသွန်းမည်
Published 14 April 2018

လေအေးနှင့် လေနွေး တွေ့ဆုံမူကြောင့် သြင်္ကန်အတက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ငါးရက်ခန့် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် အအနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများ စုဆုံမှုကြောင့် (၁၆.၄.၂၀၁၈) ရက်နေ့မှ (၂၀.၄.၂၀၁၈) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြာထားသည်။

Most Read

Most Recent