၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖုန်းဘီလ်ခွန် ကျပ် ၉၇ ဒသမ ၇၇ ဘီလျံရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံခန့် ပိုများ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖုန်းဘီလ်ခွန် ကျပ် ၉၇ ဒသမ ၇၇ ဘီလျံရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံခန့် ပိုများ
Published 12 April 2018

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖုန်းဘီလ်ခွန် ကျပ် ၉၇ ဒသမ ၇၇ ဘီလျံကောက်ခံ ရရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ကျပ် ၁၀ ဘီလျံခန့်ပို၍ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်မှစ၍ MPT ၊ တယ်လီနော၊ အူရီဒူး စသည့် ဆက်သွယ်ရေး အော်ပရေတာသုံးခုထံမှ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် ကုန်သွယ်လုပ်ငန်းခွန်အနေဖြင့် စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဘဏ္ဍာနှစ် နှစ်နှစ်စာကောက်ခံ ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဖုန်းဘီလ်ခွန်ကောက်ခံရရှိရာ မေလတွင် ကောက်ခံရရှိမှုအများဆုံးဖြစ်ခဲ့ကာ ဇူလိုင်လမှာ ကောက်ခံရရှိမှုအနည်းဆုံးဖြစ်ခဲ့ကြောင်း ဆက်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖုန်းဘီလ်ခွန် ကောက်ခံရရှိမှုစာရင်းများအရ ၂၀၁၇၊ ဧပြီ လတွင် ကျပ် ၈ ဒသမ ၇၈ ဘီလျံ၊ မေလတွင် ကျပ် ၉ ဒသမ ၀၆ ဘီလျံ၊ ဇွန်လတွင် ကျပ် ၈ ဒသမ ၆၅ ဘီလျံ၊ ဇူလိုင်လတွင် ကျပ် ၆ ဒသမ ၂၂ ဘီလျံ၊ သြဂုတ်လတွင် ကျပ် ၈ ဒသမ ၆၈ ဘီလျံ၊ စက်တင်ဘာလတွင် ကျပ် ၈ ဒသမ ၁၈ ဘီလျံ၊ အောက်တိုဘာလတွင် ကျပ် ၇ ဒသ မ ၆၉ ဘီလျံ၊ နိုဝင်ဘာလတွင် ကျပ် ၈ ဒသမ ၁ ဘီလျံ၊ ဒီဇင်ဘာလတွင် ကျပ် ၇ ဒသမ ၇၀ ဘီလျံ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျပ် ၈ ဒသမ ၇၈ ဘီလျံ၊ ဖေဖော်ဝါရီလတွင် ၇ ဒသမ ၂၉ ဘီလျံ၊ မတ်လတွင် ၈ ဒသမ ၆၄ ဘီလျံစသည်ဖြင့် ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။

ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တစ်လလျှင် ပျမ်းမျှကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန်ပမာဏမှာ ကျပ် ၈ ဒသမ ၁၄ ဘီလျံနှုန်းရှိနေကြောင်း ပြန်လည်တွက် ချက်ကြည့်မှုအရ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဖုန်းဘီလ်ခွန် စုစုပေါင်း ကျပ် ၈၇ ဒသမ ၁၃ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာနမှ သိရသည်။  ဖုန်းဘီလ်ခွန်ကို ၂၀၁၆ ဧပြီ ၁ ရက်မှစတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏမှာ ၂၀၁၇ မတ် ၃၁ ရက်အထိ ကောက်ခံရရှိခဲ့ သောပမာဏဖြစ်သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကောက်ခံရရှိခဲ့သော ဖုန်းဘီလ်ခွန် ကျပ် ၈၇ ဒသမ ၁၃၁ ဘီလျံတွင် ဖုန်းပြောဆိုခြင်းမှ ကောက်ခံရရှိသော အခွန်ပမာဏမှာ ကျပ် ၈၄ ဒသမ ၉၃၉ ဘီလျံဖြစ်ပြီး အခြားသုံးစွဲခြင်းများအတွက် ကောက်ခံရရှိသော အခွန်ပမာဏမှာ ကျပ် ၂ ဒသမ ၁၉၂ ဘီလျံသာရှိနေ ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။

ဆက်သွယ်ရေးအော်ပရေတာ သုံးခုရှိသည့်အနက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း MPT မှာ ဖုန်းပြောဆိုခ အခွန်ကျပ် ၄၄  ဒသမ ၈၄၃ ဘီလျံနှင့် အခြားသုံးစွဲခအခွန် ကျပ် ၄ ဒသမ ၆ သန်း ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် စုစုပေါင်း ဖုန်းဘီလ်ခွန်မှာ ကျပ် ၄၄ ဒသမ ၈၄၇ ဘီလျံအထိရှိခဲ့ပြီး ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် သုံးစွဲမှုအများဆုံးအဖြစ်ဦးဆောင်ခဲ့ကြောင်း သိရသည်။

တယ်လီနောမှာ အဆိုပါဘဏ္ဍာနှစ်အတွင်း ဖုန်းပြောဆိုခအခွန် ကျပ် ၃၂ ဒသမ ၁၇၈ ဘီလျံနှင့် အခြားသုံးစွဲခြင်းများအတွက် အခွန် ကျပ် ၉၄၇ သန်းပေးသွင်းခဲ့ရပြီး စုစုပေါင်း အခွန်ပမာဏမှာ တစ်နှစ်အတွင်း ကျပ် ၃၃ ဒသမ ၁၂၅ ဘီလျံဖြင့် ဒုတိယအ များဆုံးပေးဆောင်ရသည့် အော်ပရေတာ ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ အူရီဒူးမှာလည်း ဖုန်းပြောဆိုခ အခွန်အဖြစ် ကျပ် ၇ ဒသ မ ၉၁၈ ဘီလျံနှင့် အခြားသုံးစွဲခအခွန် ကျပ် ၁ ဒသမ ၂၄၁ ဘီ လျံပေးသွင်းခဲ့ရပြီး စုစုပေါင်းဖုန်းဘီလ်ခွန် ပမာဏမှာ ကျပ် ၉ ဒသမ ၁၅၉ ဘီလျံဖြင့် ဆက်သွယ်ရေးအော်ပရေတာသုံးခုအနက် သုံးစွဲမှု အနည်းဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ပြည်ထောင်စုအခွန် ဥပဒေအရ မိုဘိုင်းဝန်ဆောင်မှု သုံးစွဲသူများသည် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာပေး ဆောင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးနောက် ဧပြီ ၁ ရက်မှစ၍ ဖုန်းဘီလ်ခွန်များကို စတင် ကောက်ခံခဲ့ခြင်းဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် သုံးစွဲပြီးနောက် ကျသင့်ငွေထဲမှ ငါးရာခိုင်နှုန်းကို ဖြတ်တောက်ကောက်ခံခြင်း ဖြစ်သည်။

Most Read

Most Recent