မြဝတီ-ကော့ကရိတ်လမ်းတွင် တစ်နေ့တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားပြီး ခရီးသည်ခုနစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ်လမ်းတွင် တစ်နေ့တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားပြီး ခရီးသည်ခုနစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိ
Published 9 April 2018

မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်၊ ကော့ကရိတ်ရဲစခန်းအပိုင် နတ်စင်ကွေ့ Slow Down ကုန်းဆင်းတွင် ဧပြီ ၈ ရက်က တစ်နေ့တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပြီး ခရီးသည်ခုနစ်ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကော့ကရိတ်ရဲစခန်းမှ သိရသည်။

မြဝတီ- ကော့ကရိတ် အာရှအမြန်လမ်းသစ် မိုင်တိုင်အမှတ် ၁၅၄- ၁၅၅ ကီလိုမီတာကြား၊ နတ်စင်ကွေ့အနီး၌ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က အရှေ့မှသွားနေသော ခြောက်ဘီးယာဉ်နောက်ပိုင်းအား ပရိုဘောက်အမျိုးအစား ခရီးသည်တင်ယာဉ်က အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှ စခန်းယာဉ်ထိန်းရဲတပ်စု (၇၁) ရဲအုပ်သိန်းနိုင်ရွှေနှင့် နယ်ထိန်းရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးကြရာ ပရိုဘောက်ကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်သုံးဦးနှင့် ယာဉ်မောင်းတို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီ ၈ ရက် ညနေ ၅ နာရီခန့်ကလည်း သြင်္ကန်အိမ်ပြန်သော ထိုင်းရောက် မြန်မာလုပ်သားများ တင်ဆောင်လာသော ကားမှောက်၍ လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။ မြဝတီမှမော်မြိုင်သို့ ထိုင်းပြန် မြန်မာလုပ်သားခရီးသည်များ တင်လာသောကား ရှေ့ယာဘက် ဘက်တာဖရိုင်းပြုတ်ထွက်ပြီး လမ်းဘေးသို့ထိုးကြကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent