ပြည်မြို့နယ်အတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် သြင်္ကန်မဏ္ဍပ်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ပြီး ခွင့်ပြုချက် ထပ်မံချပေးမည်မဟုတ်

ပြည်မြို့နယ်အတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် သြင်္ကန်မဏ္ဍပ်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ပြီး ခွင့်ပြုချက် ထပ်မံချပေးမည်မဟုတ်
Published 9 April 2018

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်း စည်းကမ်းလိုက်နာမှုမရှိသည့် သြင်္ကန်မဏ္ဍုပ်များကို ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ပြီး ခွင့်ပြုချက် ထပ်မံချပေးမည်မဟုတ်ကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“သက်ဆိုင်ရာမြို့မိမြို့ဖတွေကိုလည်း ဖိတ်ပါတယ်။ သြင်္ကန်မဏ္ဍပ်ဆောက်မယ့် ညီငယ်တွေကိုလည်း ဖိတ်ပါတယ် မဏ္ဍပ်မဆောက်ခင်ကတည်းက ကြိုပြီး နံပါတ်တစ်က ဘေးပတ်ဝန်းကျင်ပြည်သူတွေ သွားရေးလာရေး အနှောင့်အယှက်မဖြစ်ဖို့၊ နောက်မီးသတ်ကားတွေ ဝင်ထွက်သွားလာတဲ့ လမ်းပေါက်တွေမပိတ်ဖို့ နောက်ယာဉ်ရှုပ်ထွေး ကျပ်တည်းမှုမဖြစ်ဖို့ ဒါလေးတွေလည်း ဆောင်ရွက်ဖို့ နောက်လမ်းအတွင်းမှာရှိတဲ့ မိဘပြည်သူတွေ စိတ်အနှောင့်အယှက်မဖြစ်ဖို့ လိုအပ်တဲ့စည်းကမ်းတွေကို ဒီနှစ်သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ကိုလည်း စည်းရုံးပညာပေးခဲ့ပါတယ်။ မလိုက်နာဘူးဆိုရင် နောက်နှစ်မှာ ဒီနေရာမှာ မဏ္ဍပ်ဆောက်လုပ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပိတ်ပင်သွားမှာဖြစ်ပါတယ်” ဟု ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က ပြောသည်။

ပြီးခဲ့သည် ၂၀၁၇ ခုနှစ် သြင်္ကန်ကာလတွင် ပြည်မြို့နယ်ရှိ မဏ္ဍပ်အချို့မှာ စည်းကမ်းလိုက်နာမှု အားနည်းခြင်း၊ ဘေးပတ်ဝန်းကျင် စိတ်အနှောင့်ယှက်ဖြစ်စေခြင်း သြင်္ကန်ကာလ ကျော်လွန်သည်အထိ မဏ္ဍပ်များအား ဖျက်သိမ်းခြင်းမရှိခြင်း၊ မဏ္ဍပ်တည်ဆောက်ရာ လမ်းများတွင် စက်ဘီး၊ ဆိုင်ကယ်သွားနိုင်ရန် လမ်းကျဉ်းချန်ထားမပေးခြင်းတို့ရှိခဲ့သည်။

Most Read

Most Recent