ယခင် စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် Y Complex Project စီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်ကုမ္ပဏီက ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများပြည်သူထံ ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးအကြံပြုချက်ရယူသည့် အစည်းအဝေးပြုလုပ်

ယခင် စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် Y Complex Project စီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်ကုမ္ပဏီက ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများပြည်သူထံ ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးအကြံပြုချက်ရယူသည့် အစည်းအဝေးပြုလုပ်
Published 9 April 2018

စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် Y Complex Project စီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်ကုမ္ပဏီမှ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများပြည်သူထံ ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးအကြံပြုချက်ရယူသည့် အစည်းအဝေးကို တွေ့ရစဉ်

ယခင် စစ်သမိုင်းပြတိုက်နေရာတွင် အကောင်အထည်ဖော်မည့် Y Complex Project စီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်ကုမ္ပဏီမှ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းကို အများပြည်သူထံ ရှင်းလင်းတင်ပြခြင်းနှင့် ဆွေးနွေးအကြံပြုချက်ရယူသည့် အစည်းအဝေးကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Pan Pacific Hotel တွင် ပြုလုပ်ခဲ့သည်။

“အခုကျင်းပတဲ့အစည်းအဝေးက ပထမအကြိမ် အစည်းအေဝေးပါ။ ဒီအစည်းအဝေး ပြီးသွားလို့ရှိရင် စီမံကိန်းနဲ့အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်တဲ့သူတွေ Stakeholder တွေရော၊ ဘယ်နေမှာရှိနေတဲ့ ဆရာတော်ဘုရားကြီးရဲ့ ကျောင်းကိုရော အနီးပတ်ဝန်းကျင်မှာ စီမံကိန်းနဲ့ သက်ဆိုင်တဲ့သူတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က တစ်အိမ်ချင်း၊ တစ်နေရာချင်းထိကို အောက်ဆုံးအထိ ဒီအချက်အလက်တွေကောက်ဦးမှာပါ။ ဒါက လူမှုစီးပွားစစ်တမ်းပါ။ ကောက်ပြီးတဲ့အချက်အလက်တွေနဲ့ ဒီအစည်းအဝေးထွက်ပေါ်တဲ့ ရလဒ်တွေပေါ်မှာ မူတည်ပြီးတော့ ဒုတိယအကြိမ် အစည်းအဝေးကို ဆက်ပြီးတော့ကျင်းပဦးမှာပါ။ အဲဒီအစည်းအဝေးကျရင်တော့ အခုတက်ရောက်သူတွေရဲ့ ဝေဖန်မှုတွေ၊ အကြံဉာဏ်တွေကို အချက်အလက်တွေ တစ်ဖက်ကလူတွေရဲ့ ဒါကိုဘယ်လိုစီမံခန့်ခွဲဆောင်ရွက်မယ်ဆိုတဲ့ ရရှိလာတဲ့အချက်အလက်တွေရရှိလာတဲ့ ရလဒ်တွေအပေါ်မှာ မူတည်ပြီးတော့ ပြန်လည်တင်ပြဦးမှာပါ” REM-UAEcompany မှ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။

အစည်းအဝေး၌ စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်း (EIA)၊ (SIA) ဆောင်ရွက်ထားမှုအခြေအနေများ၊ သက်ဆိုင်ရာဌာနတွေရဲ့ ထောက်ခံချက်များ၊ MIC ခွင့်ပြုမိန့်၊ အစိုးရအဖွဲ့၏ခွင့်ပြုမိန့်များ၊ ဆောက်လုပ်မည့် အဆောက်အအုံပုံစံ၊ ရွှေတိဂုံစေတီတော်၏ ကန့်သတ်ချက်များ၊ စီမံကိန်းတည်နေရာ၊ တင်ဒါခေါ်အောင်မြင်ခဲ့ခြင်းနှင့် နိုင်ငံတော်မှရရှိမည့် အကျိုးအမြတ်များ စသည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြသွားခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများက သိလိုသည်တွေကို မေးမြန်းခြင်းနှင့် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Y Complex Project စီမံကိန်းကို BOT စနစ်ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး ငှားရမ်းသည့်ကာလမှာ နှစ် ၇၀ ဖြစ်ကာ စာချုပ်ချုပ်ဆိုခဲ့ခြင်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့ကြောင်း၊ စီမံကိန်းလုပ်ဆောင်မည့် အဆောက်အအုံအမျိုးအစားမှာ ဟိုတယ်နှင့် ရုံးခန်းအမျိုးအစားဖြစ်ကြောင်း၊ အထပ်အမြင့်အနေဖြင့် ကိုးထပ် (၁၃၀ ပေ၊ ၁၀ ဒသမ ၉ လက်မ) ဖြစ်ပြီး အဆောက်အအုံ ကြမ်းခင်းဧရိယာမှာ ၁၅၁၉၇၄ စတုရန်းမီတာကျယ်ဝန်းကာ ကားပါကင်တွင် ကားအစီးရေ ၆၅၀ ထားရှိမှာဖြစ်ကြောင်းနှင့် စီမံကိန်းသည် ရွှေတိဂုံစေတီတော်၏ ကန့်သတ်ဧရိယာ ဇုန် ၂ တွင်ပါဝင်နေပြီး စီမံကိန်းအဆောက်အအုံမှာ ကန့်သတ်အမြင့်ပေ ၁၉၀ အောက်တွင်သာရှိကြောင်း စီမံကိန်းဆောင်ရွက်မည့် ကုမ္ပဏီတာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

Complex စီမံကိန်းဆောင်ရွက်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရရှိမည့်အကျိုးအမြတ်မှာ အမေရိကန်ဒေါ်လာ ၁၆၉ ဒသမ ၂၂ သန်း (မြန်မာငွေကျပ် ၅၈၁၇ ဒသမ ၉၅၈ သန်း) ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် စီမံကိန်းတည်ဆောက်ရေးကာလတွင် အလုပ်အကိုင်အခွင့်အလမ်း ၈၀၀ ကျော်နှင့် လုပ်ငန်းစတင်လည်ပတ်သည့်ကာလတွင် ၅၂၇ ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံမှ FUJITA ကုမ္ပဏီ၊ TOKYO TATMONO ကုမ္ပဏီ၊ JOIN ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာကုမ္ပဏီတို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာသန်း ၃၂၀ ဖြစ်ကာ စီမံကိန်းပြီးစီးမည့်ကာလမှာ ၂၀၂၀ ပြည့်နှစ်ဖြစ်သည်။

Most Read

Most Recent