ရသေ့တောင်မြို့နယ် ပင်လယ်ပြင်၌ တရားမဝင်သယ်ဆောင်လာသည့် ကျွဲ ၃၇ ကောင်နှင့်အတူ ဘင်္ဂါလီခြောက်ဦးအား ဖမ်းဆီးရမိ

ရသေ့တောင်မြို့နယ် ပင်လယ်ပြင်၌ တရားမဝင်သယ်ဆောင်လာသည့် ကျွဲ ၃၇ ကောင်နှင့်အတူ ဘင်္ဂါလီခြောက်ဦးအား ဖမ်းဆီးရမိ
Published 8 April 2018

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ပြင်၌ တရားမဝင်သယ်ဆောင်လာသည့် ကျွဲ ၃၇ ကောင်နှင့်အတူ ဘင်္ဂါလီခြောက်ဦးအား ဧပြီ ၆ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၆ ရက် နံနက် ၇ နာရီ ၁၀ မိနစ်အချိန်တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများသည် စစ်ရေယာဉ် အမှတ် ၅၅၄ ဖြင့် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ပြင်၌ ကင်းလှည့်ဆောင်ရွက်နေစဉ် တောင်ဘက် ခြောက်မိုင်ခန့်အကွာ၌ ခုတ်မောင်းနေသော မသင်္ကာဖွယ်လှေတစ်စင်းအား တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ အလျား ၅၁၊ အနံ ၁၀၊ ရေစူး ၂ ဒသမ ၅ ပေခန့်ရှိ သစ်သားကိုယ်ထည်လှေပေါ်တွင် ခါလာဘောဇာ (၅၅ နှစ်) ပါ ကျားခြောက်ဦးအား တရားမဝင်သယ်ဆောင်လာသည့် ကျွဲ ၃၇ ကောင်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်လှေတစ်စင်းပေါ်မှ ဖမ်းဆီးရမိသူများမှာ ပေါက်တောမြို့နယ်၊ အနောက်ရဲကျေးရွာနေ ဘင်္ဂါလီများဖြစ်သည့် ခါလာဘောဇာ (ဘ) အဘူလာတင်၊ မူမက်အာရှိန် (ဘ) အဘူလာရှိန်၊ နိုရိုလာလုံ (ဘ) အဟာဘောသာ၊ ဗျာလာဟူဆောင် (ဘ) မာမွတ်ကာစိန်၊ မားသက်ရှည် (ဘ) အဒူရနှင့် မားကူရီ (ဘ) အမွတ်စေးရုံတို့ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် ဧပြီ ၇ ရက်တွင် တရားခံခြောက်ဦး၊ ကျွဲများနှင့် စက်လှေတို့ကို ရသေ့တောင်မြို့မရဲစခန်းသို့ ဆက်လက်လွှဲပြောင်းပေးပြီး အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent