တောင်ကြီးမြို့တွင် လမ်းလျှောက်သြင်္ကန် မပြုလုပ်ဖြစ်ဘဲ မဏ္ဍပ်ကြီးနှစ်ခုသာရှိဟုဆို

တောင်ကြီးမြို့တွင် လမ်းလျှောက်သြင်္ကန် မပြုလုပ်ဖြစ်ဘဲ မဏ္ဍပ်ကြီးနှစ်ခုသာရှိဟုဆို
Published 8 April 2018

တောင်ကြီးမြို့၌ လမ်းလျှောက်သြင်္ကန် မပြုလုပ်ဖြစ်တော့ဘဲ မဏ္ဍပ်ကြီးနှစ်ခုသာ ရှိတော့မည်ဟု ဧပြီ ၆ ရက်က သတင်းရရှိသည်။

ယခင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးက တောင်ကြီးမြို့၌ လမ်းလျှောက်သြင်္ကန် ပြုလုပ်မည်ဟု ပြောဆိုထားသော်လည်း ယခုအခါ လမ်းလျှောက်သြင်္ကန်ပြုလုပ်ရန် ရှမ်းပြည်နယ်တွင် အဆင်မပြေနိုင်သဖြင့် အဆိုပါအစီအစဉ် မပြုလုပ်ဖြစ်တော့ဘဲ ဗဟိုမဏ္ဍပ်နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မဏ္ဍပ်အဖြစ် မဏ္ဍပ်ကြီးနှစ်ခု၊ ဌာနဆိုင်ရာ ၁၀ ခုမှ စတုဒိသာကျွေးမွေးသော ရိုးရိုးမဏ္ဍပ် ၁၀ ခုကိုသာ ပြုလုပ်မည်ဟု သိရသည်။

တောင်ကြီးတွင် ရာသီဥတုအေးသဖြင့် လမ်းလျှောက်သြင်္ကန်ပြုလုပ်ရန် အဆင်မပြေခြင်း၊ လမ်းပိတ်လိုက်ပါက မင်းလမ်းမတစ်လျှောက် သွားလာရေးခက်ခဲမည်ကို စိုးရိမ်ရခြင်း၊ ရေရှားပါးခြင်းတို့ကြောင့် အဆိုပါလမ်းလျှောက်သြင်္ကန်အစီအစဉ် မလုပ်ဖြစ်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့၌ သံချပ်အဖွဲ့များလည်း ယခုနှစ်အစီအစဉ်တွင်မတွေ့ရဘဲ လုံခြုံရေးစီမံချက်များကိုလည်း ချမှတ်ခြင်းမရှိသေးကြောင်း တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်နိုင်က ပြောကြားသည်။

Most Read

Most Recent