ကမ္ဘာ့ရွှေဈေး ၁၃၃၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၃၅၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ၁၃၃၃ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၃၅၀၀ အထိ မြင့်တက်
Published 8 April 2018

ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၆ ရက်တွင် ၁၃၃၃ ဒေါ်လာဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဧပြီ ၇ ရက်တွင် ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်း ကျပ် ၉၄၃၅၀၀ ဝန်းကျင်ဆက်လက် ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစ၍ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀ အထိ ကျဆင်းခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ကျပ် ၉၃၉၅၀၀၊ ဧပြီ ၇ ရက်တွင် ၉၄၃၅၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကိုပြန်ကြည့်ပါက ဇန်နဝါရီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၃၃၆၀၀ (ဇန်နဝါရီ ၄ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၅၅၇၀၀ (ဇန်နဝါရီ ၂၅ ရက်)၊ ဖေဖော်ဝါရီလအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၃၅၁၀၀ (ဖေဖော်ဝါရီ ၈ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၆၅၀၀ (ဖေဖော်ဝါရီ ၆ ရက်)၊ မတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၅၉၀၀ (မတ် ၁ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၇၅၀၀ (မတ် ၂၅ ရက်) တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ၁၃၆၄ ဒေါ်လာအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent