မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းများက ဇက်ကာဘတ်အပေါ် ဒေါသထွက်ခဲ့ကြပြီးနောက် Facebook က ပြန်လည်တောင်းပန်

မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းများက ဇက်ကာဘတ်အပေါ် ဒေါသထွက်ခဲ့ကြပြီးနောက် Facebook က ပြန်လည်တောင်းပန်
Published 7 April 2018

(Photo : AFP)

မြန်မာနိုင်ငံကို မငြိမ်မသက်ဖြစ်စေသည့် အမုန်းစကားများအား ထိန်းချုပ်ဟန့်တားခြင်းနှင့်ပတ်သက်၍ ၎င်းတို့ပလက်ဖောင်း၏ မှတ်တမ်းအား မက်ဇက်ကာဘတ်က ကာကွယ်ပြောဆိုခဲ့မှုကို မြန်မာအရပ်ဘက်လူ့အဖွဲ့အ စည်းများက အပြင်းအထန် ငြင်းခုံကန့်ကွက်ခဲ့ကြပြီးနောက် ၎င်းတို့အား Facebooki က ဧပြီ ၆ ရက်တွင် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးစုလိုက်သုတ်သင်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံတွင် လူမျိုးစုအလိုက် သွေးထွက်သံယိုမှုများဖြစ်အောင် လှုံ့ဆော်မီး မွှေးခဲ့ရာ၌ Facebook သည် ပလက်ဖောင်းတစ်ခုအဖြစ် ပါဝင်ခဲ့သည်ဟူသော စွပ်စွဲမှုများ နှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုသီတင်းပတ်အတွင်း Vox သတင်းဌာနနှင့်ပြုလုပ်ခဲ့သော ဇက်ကာဘတ်၏ အင်တာဗျူးကို ဝေဖန်သည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဧပြီ ၅ ရက်တွင် မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းခြောက်ခုက ဖြန့်ချိခဲ့သည်။  အင်တာဗျူးတွင် ဇက်ကာဘတ်က မြန်မာဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်တို့ နှစ်ဖက်စလုံးသည် တစ်ဖက်လူ့အဖွဲ့အစည်းထံမှ အကြမ်းဖက်မှု ကျရောက်လာတော့မည်ဖြစ်ကြောင်း သတိပေးသည့် ထိရှလွယ်သော မက်ဆေ့ချ်များကို Facebook Messenger မှ တစ်ဆင့် ဖြန့်ချိခဲ့ပုံအား ဥပမာပေးခဲ့သည်။

“အမှန်တကယ် ထိခိုက်စေအောင် လှုံ့ဆော်ဖို့ လူတွေက ကျွန်တော်တို့ရဲ့ လက်နက်တန်ဆာပလာကို အသုံးပြုဖို့ ကြိုးစားခဲ့တယ်ဆိုတာ ထင်ရှားတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့စနစ်တွေက ဆက်လုပ်နေပါတယ်။ ဒီလိုမက်ဆေ့ချ်တွေ တစ်ဆင့်ဖြတ်သန်းသွား ခြင်းမရှိအောင် ကျွန်တော်တို့ ဟန့်တားထားပါတယ်”ဟု ဇက်ကာဘတ်က ပြောကြားခဲ့သည်။

ယခု ဖြန့်ချိခဲ့သည့် အိတ်ဖွင့်ပေးစာတွင် မြန်မာ နည်းပညာနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းခြောက်ခုက မြန်မာနိုင်ငံတွင် Facebook ၏ စနစ်များနှင့်ပတ်သက်ပြီး ထိရောက်မှုရှိသည်ဟု ဇက်ကာဘတ်၏ ချီးကျူးမှုကို ကြားသိရသည့်အတွက် ၎င်းတို့အနေဖြင့် အံ့သြမိကြောင်း ပြောကြားထားသည်။

“ခင်ဗျားဆီကို ရောက်လောက်အောင် အရှိန်မြင့်လာဖို့ မက်ဆေ့ချ်ကို စတင်ဖြန့်ချိတဲ့ အခါ လေးရက်ကျော် အချိန်ယူရပါတယ်”ဟု Facebook သို့ သက်ဆိုင်ရာအကြောင်းအရာကို သတိပေးခဲ့သော အဆိုပါအရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

“Facebook ဟာ ရပ်တန့်ပေးဖို့ ဝေးစွ၊ မမျှော်လင့်တဲ့ နည်းလမ်းတစ်ရပ်နဲ့ ပျံ့နှံ့စေခဲ့ ပြီး နိုင်ငံအနှံ့ရောက်ရှိစေလို့ ဖြစ်စဉ်အတွင်း အကြမ်းဖက်မှုဖြစ်ရပ် သုံးခုထက်မနည်း ဖြစ်ပွားစေခဲ့ပါတယ်”ဟု ၎င်းအဖွဲ့အစည်းများက ပြောကြားခဲ့သည်။

ဧပြီ ၆ ရက်တွင် အဆိုပါအဖွဲ့အစည်းများ၏ မှတ်ချက်တစ်ရပ် ရောက်ရှိသွားသည့်အခါ Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လှုံ့ဆော်ထားသည့် မက်ဆေ့ချ်များနှင့်ပတ်သက်၍ အစီရင်ခံမှုများအပေါ် Facebook ကုမ္ပဏီက တုံ့ပြန်မှုနှေးကွေးလွန်းခြင်းကို ဝန်ခံခဲ့သည်။

“ကျွန်တော်တို့ ပိုမိုလျင်မြန်ခဲ့သင့်ပြီး မသင့်လျော်တဲ့၊ အမုန်းတရားကို ဖန်တီးပေး တဲ့၊ ဒါမှမဟုတ် မှားယွင်းတဲ့ အကြောင်းအရာ တွေကို စုံစမ်းဖို့နဲ့ကာကွယ်ဖို့ လက်နက်တန် ဆာပလာတွေနဲ့ ကျွန်တော်တို့ရဲ့နည်းပညာ တွေကို တိုးတက်အောင် ပိုပြီး အလုပ်ကြိုးစား နေပါတယ်”ဟု Facebook မှ ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

“ဒီမက်ဆေ့ချ်တွေကို ပထမဆုံးအစီရင်ခံခဲ့တဲ့ မြန်မာနိုင်ငံက အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို ဇက်ကာဘတ်အနေနဲ့ ပိုပြီးရှင်းလင်းသွားအောင် မလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ စိတ်မကောင်းပါဘူး”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Facebook သည် မြန်မာဘာသာစကားဖြင့် လေ့လာသုံးသပ်သူများကို ထပ်မံခန့်ထားခဲ့ပြီး Messenger ဝန်ဆောင်မှု၌ ပါဝင်သည်များအား အစီရင်ခံနိုင်စွမ်းကို ဆန့်ထုတ်ခဲ့သည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဇန်နဝါရီလအနှောင်းပိုင်းတွင် Facebook သည် ဘင်္ဂါလီမွတ်စလင်ဆန့်ကျင်ရေး၌ ထင်ရှားသော ဘုန်းကြီး ဝီရသူ၏ Page ကို ဖယ်ရှားခဲ့သည်။ လွန်ခဲ့သည့်နှစ်က မွတ်စလင်များကို နှိမ်သည်ဟု ယူဆထားသော ‘ကု လား’ ဟူသည့်စကားလုံးများ အသုံးပြုမှုကို စောင့်ကြည့်ထိန်းချုပ်ခဲ့သည်။

မြန်မာဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးတွဲရေးသားသည့် အိတ်ဖွင့်ပေးစာတွင် မြန်မာနိုင်ငံ၌ အမုန်းစကားများနှင့် ဆိုးယုတ်သည့် ကောလာဟလများနှင့် ပတ်သက်၍ Facebook ၏တုံ့ပြန်မှုသည် လုံလောက်မှုမရှိသည်မှာ နှစ်အတန်ကြာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအပြင် သူတို့၏ ပိုမိုကျယ်ပြန့်သော ဖြေရှင်းမှုများ ဖန်တီးရေးအတွက် ကူညီရန် ကမ်းလှမ်းမှုများကိုလည်း Facebook က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဟု ဆိုသည်။

မြန်မာအဖွဲ့အစည်းများက ဧရာမ လူမှုမီဒီယာကြီးဖြစ်သော Facebook ကို Messenger ၌ အစီရင်ခံ၍ရသော ယန္တရားများ ဖြည့်စွက်ရန်၊ ပွင့်လင်းမြင်သာမှုကိုမြှင့်တင်ရန်၊ ဒေသခံပူးပေါင်းပါဝင်မည့်သူများနှင့် ပိုမိုလက်တွဲပြီး အချက်အလက်များအပေါ် ကောက်ချက်ဆွဲရန်နှင့် ထပ်ကာထပ်ကာ ကျူးလွန်သူများကို ဖော်ထုတ်ရန်အတွက် အင်ဂျင်နီယာအဖွဲ့များ ထားရှိရန်တို့ကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် Facebook သည် ပြည်သူလူထုနှင့် အစိုးရဝန်ကြီးဌာနများ နှစ်ရပ်စလုံးအကြား၌ ဆက်သွယ်ရေးအတွက် အဓိကလမ်းကြောင်းဖြစ်လာပြီး အခြားလူမှုမီဒီယာ ပလက်ဖောင်းများအားလုံးကို ကျုံ့သွားစေခဲ့သည်။

သို့သော် စစ်အစိုးရလက်အောက်၌ ဆယ်စုနှစ်အတန်ကြာ ဖိနှိပ်ခံခဲ့ရခြင်းမှနေ၍ ပွင့်သစ်စ ဒီမိုကရေစီနိုင်ငံအဖြစ် ရုန်းကန်နေရဆဲ မြန်မာနိုင်ငံတွင် Facebook သည် လူမျိုးစုအမုန်းတရားများကို ထုတ်လွှင့်ရာ၌ အကူအညီပေးနေသည်ဟု စွပ်စွဲခံရမှုများဖြင့် ဝေဖန်ခံနေရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီမွတ်စလင် ၇၀၀,၀၀၀ ခန့် ထွက်ပြေးသွားခဲ့သည့် လွန်ခဲ့သော သြဂုတ်လက ပြုလုပ်ခဲ့သည့် တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် နိုးနိုးကြားကြားဖြစ်လာကာ စောင့်ကြည့်စစ်ဆေးမှုများကို အရှိန်မြှင့်ခဲ့သည်။

မတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက  Facebook သည် မကောင်းဆိုးဝါးသတ္တဝါကြီးအဖြစ် အသွင်ပြောင်းသွားပြီး ဘင်္ဂါလီမွတ်စလင်များအပြင် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် အမုန်းတရားအများအပြားနှင့် အကြမ်းဖက်မှုအများအပြားကို မီးမွှေးပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent