စွန့်လွှတ်မြေများအနက် မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးသည့်မြေများတွင် ကာယကံရှင်လက်ဝယ်မရောက်ရှိဘဲ အခြားသူထံ ပေးအပ်ထားခြင်း၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ်အငြင်းပွားမှုများ ဖြစ်ပွားနေသည်ကို စိစစ်တွေ့ရှိရဟုဆို

စွန့်လွှတ်မြေများအနက် မူလပိုင်ရှင်သို့ ပြန်လည်လွှဲပြောင်းပေးသည့်မြေများတွင် ကာယကံရှင်လက်ဝယ်မရောက်ရှိဘဲ အခြားသူထံ ပေးအပ်ထားခြင်း၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ်အငြင်းပွားမှုများ ဖြစ်ပွားနေသည်ကို စိစစ်တွေ့ရှိရဟုဆို
Published 7 April 2018

ဝန်ကြီးဌာနများမှ အသုံးပြုရန်မလို အပ်သည့်မြေများကို ပြန်လည်စွန့်လွှတ်ပေး အပ်လျက်ရှိရာ စွန့်လွှတ်မြေများအနက် မူ လပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေး သည့်မြေများတွင် ကာယကံရှင်လက်ဝယ် သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေး အပ်ထားခြင်း၊ မူလလက်ငုတ်နှင့်လက်ရှိလက် ငုတ်အငြင်းပွားနေမှုများ ဖြစ်ပွားနေသည်ကို စိစစ်တွေ့ရှိရကြောင်းလယ်ယာမြေနှင့် အ ခြားမြေများ သိမ်ဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန် ကြီးဌာနမှ သိရသည်။

လယ်ယာမြေနှင့်အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော် မတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များအတိုင်း အချို့ သောပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စိစစ်ဆောင်ရွက်မှုအားနည်းခြင်း၊ အထောက် အထားမှတ်တမ်းမှတ်ရာများ ပြည့်စုံစွာတင် ပြမှုမရှိခြင်းမျာကြောင့် ဗဟိုကော်မတီမှ ပြန် လည်စိစစ်ရန် ပေးပို့ရသည့် အမှုတွဲများကို လည်း တွေ့ရှိရကြောင်း ဒုတိယသမ္မတဦးဟင် နရီဗန်ထီးယူက ပြောကြားသည်။

ဝန်ကြီးဌာနများမှ အသုံးပြုရန်မလို အပ်သည့်မြေများကို ပြန်လည်စွန့်လွှတ်ပေး အပ်လျက်ရှိရာ ကာကွယ်ရေးဝန်ကြီးဌာနမှ  အများဆုံပြန်လည်စွန့်လွှတ်ပေးသည်ကို စိ စစ်တွေ့ရှိကြောင်း၊ စွန့်လွှတ်မြေများအနက်  မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းသည့်  မြေများတွင် အချို့မှ သက်ဆိုင်ရာဝန်ကြီးဌာ နမှ စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကာယ ကံရှင်လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့် ကြာနေမှုများ၊ ကာယကံရှင်လက်ဝယ်သို့  ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ် ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိ လက်ငုတ်အငြင်းပွားနေမှုများ ဖြစ်ပွားနေ သည်ကို စိစစ်တွေ့ရှိကြောင်းနှင့် အမှုတွဲများ  ပြီးပြတ်ခြင်းမရှိဘဲ နှောင့်နှေးနေသည်ကို  တွေ့ရှိကြောင်းနှင့် ကော်မတီဥက္ကဋ္ဌများအနေဖြင့် အောက်ခြေမှ စိစစ်တွေ့ရှိချက်များ နှင့် မြေပြင်ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဗဟိုကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာအမှုတွဲပေါင်း ၆၃၂၀မှုရှိပြီး သက်ဆိုင်ရာကော်မတီများသို့ စိစစ်ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီ၏ စိစစ်မှုများအရ တိုင်ကြားစာအမှုတွဲ ၆၆၉ မှုသာ ဖြေရှင်းဆောင်ရွက်ပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် တိုင်ကြားစာ ၅၆၅၁ မှုကို ပိုမိုအလေးထားဖြေရှင်းဆောင်ရွက်ပေးစေလိုကြောင်းလည်း ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း သိမ်းဆည်းမြေတိုင်ကြား စာများ၊ပြန်လည်စွန့်လွှတ်သည့်သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်မှု ပိုမိုအားကောင်းလာမှုရှိစေရန်နှင့် တွန်းအားပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ ပါဝင်သည့် သိမ်းဆည်းမြေဆိုင်ရာလုပ်ငန်းစိစစ်ရေး အဖွဲ့လေးဖွဲ့ကိုဖွဲ့စည်း၍ သက်ဆိုင်ရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent