မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မြိုတိုင်းရင်းသား ရှစ်ဦး ဘော်တလာ ဘင်္ဂါလီကျေးရွာပျက် အနီးသို့ ဟင်းစားရှာသွားစဉ် မြိုတိုင်းရင်းသူ တစ်ဦး သတ်ဖြတ်ခံရ

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မြိုတိုင်းရင်းသား ရှစ်ဦး ဘော်တလာ ဘင်္ဂါလီကျေးရွာပျက် အနီးသို့ ဟင်းစားရှာသွားစဉ် မြိုတိုင်းရင်းသူ တစ်ဦး သတ်ဖြတ်ခံရ
Published 5 April 2018

မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မြိုတိုင်းရင်းသား ရှစ်ဦးသည် ဘော်တလာ ဘင်္ဂါလီကျေးရွာပျက် အနီးသို့ ဟင်းစားရှာသွားစဉ် မြိုတိုင်းရင်းသူ တစ်ဦး သတ်ဖြတ်ခံရကြောင်းနှင့် မြိုအမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း ကနဦး သိရသည်။

ဖြစ်စဉ်မှာ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် နေထိုင်သူ မြိုတိုင်းရင်းသား အမျိုးသားသုံးဦးနှင့် မြိုအမျိုးသမီး ငါးဦး စုစုပေါင်း ရှစ်ဦးသည် ဧပြီ ၄ ရက် နံနက် ၁၁ နာရီခန့်တွင် ဘော်တလာ ကျေးရွာဘက်သို့ ဟင်းစားရှာရန် ထွက်ခွာခဲ့ရာ မွန်းတည့် ၁၂ နာရီခန့်တွင် ဘော်တလာကျေးရွာ အနီးရှိ ရွှေဇံချောင်းအနီးတွင် ဓားရှည်နှင့် သံတုတ်များ ကိုယ်စီ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ သုံးဦးနှင့် တွေ့ရှိသဖြင့် ကျေးရွာဘက်သို့ ပြန်လည် ထွက်ပြေးလာခဲ့ကြကြောင်း၊ ယင်းသို့ ထွက်ပြေးလာစဉ် ထွက်ပြေး လာသူများအနက် ဦးရွှေဇုံက ခမောင်းဆိပ်ကျေးရွာနေ ဦးဖွေရပ်ထံ ဖုန်းဆက် အကြောင်းကြားသဖြင့် ကျေးရွာရှိ ကျန်ကျေးရွာသားများ စုစည်းနေစဉ် ဦးရွှေဇုံ အပါအဝင် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးတို့ လွတ်မြောက်လာသော်လည်း ကျန်အမျိုးသမီး နှစ်ဦးမှာ ကျန်နေခဲ့ကြောင်း သိရသည်။

ကျေးရွာသား ရှစ်ဦးအနက် ထွက်ပြေး လွတ်မြောက်လာသူများမှာ ဦးရွှေဇုံ (ဘ) ဦးသောကြာ (၃၄ နှစ် )၊ ဦးသောင်းဝင်း (ဘ ) ဦးမန်ရောက် (၄၀ နှစ် )၊ မောင်လုံဝိုင်း (ဘ) ဦးစံလှအောင် (ကိုးနှစ်)၊ ဒေါ်တောင်ကောင် (ဘ) ပါလိန် (၅၀ နှစ်)၊ ဒေါ်ကိုင်ဆုံလိုင်ကောင်း (၄၄ နှစ်)၊ ဒေါ်ဆူမရီ (ဘ) ရူနိုင်း (၄၀ နှစ်) တို့ဖြစ်ပြီး ပျောက်ဆုံးနေသူများမှာ ဒေါ်ဆောင်ရွေး (ဘ) ဦးခံပတ် (၄၀ နှစ်) နှင့် ဒေါ်မွေရွေး (ဘ) ဦးမန်စီ (၃၀ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ နှစ်ဦးအား နယ်ခြားစောင့်ရဲ နယ်မြေရဲတပ်ဖွဲ့မှူး ဦးစီးပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့ရာ လူမနေသည့် ဘော်တလာကျေးရွာအနီးတွင် ပျောက်ဆုံးနေသူ နှစ်ဦး မှ ဒေါ်ဆောင်ရွေးအား ဦးခေါင်းခွံ ပြတ်ရှဒဏ်ရာ လေးချက်ဖြင့် လဲကျ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဒေါ်မွေရွေးမှာ ပျောက်ဆုံးလျက် ရှိနေကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ လိုက်လံ ရှာဖွေလျက် ရှိကြောင်း သိရသည်။

ထို့နောက် ပျောက်ဆုံးခဲ့သည့် မြိုတိုင်းရင်းသူ ဒေါ်မွေရွေးအား ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ ခန့်တွင် မင်္ဂလာညွန့် ကျေးရွာသူ ရွာသားများက သစ်တုံးနားခွဆုံကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။

Most Read

Most Recent