မန္တလေးမြို့ စည်ပင်သာယာ ဖွွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲမှာ ဘတ်ဂျက်ပြဿနာ ဖြစ်ကြောင်း မြို့တော်ဝန် ပြောကြား

မန္တလေးမြို့ စည်ပင်သာယာ ဖွွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခက်အခဲမှာ ဘတ်ဂျက်ပြဿနာ ဖြစ်ကြောင်း မြို့တော်ဝန် ပြောကြား
Published 5 April 2018

မန္တလေးမြို့ စည်ပင်သာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်မက်မက်လျှင်ပင် ထည့်မက်နေပြီး အဓိက အခက်အခဲမှာ ဘတ်ဂျက်ပြဿနာ ဖြစ်ကြောင်း ဧပြီ ၄ ရက် မွန်းလွဲ ၂ နာရီက မန္တလေးမြို့ စည်ပင်သာယာခန်းမတွင် ပြုလုပ်သော စည်ပင်သာယာ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ၌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“မန်းစည်ပင်မှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။ ဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတဲ့ အပိုင်းလေးတွေလည်း ရှိသလို တချို့ဌာနတွေမှာ ဝန်ထမ်းအင်အား ဖောင်းပွတာတွေလည်း ရှိပါတယ်။ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်ဆန်းစစ် သုံးသပ်နေတာပါ။ စည်ပင်သာယာရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တဲ့အခါမှာ အဓိကကြုံရတဲ့ ပြဿနာက မန္တလေး စည်ပင်သာယာဟာ မိမိ ခြေထောက်ပေါ် မိမိ ရပ်တည်ရတဲ့ဌာန ဖြစ်တဲ့အတွက် ဘက်ဂျက်အခက်အခဲ ရှိပါတယ်။ လုပ်ချင်တာတွေ၊ လုပ်မယ့် အစီအစဉ်တွေ အများကြီးရှိပေမယ့် ဘက်ဂျက်ပေါ် မူတည်ပြီး ချိန်ဆ လုပ်နေရတာတွေ ရှိပါတယ်”ဟု ဒေါက်တာ ရဲလွင်က ပြောကြားသည်။

စည်ပင်သာယာ လက်အောက်ရှိ ဌာနခွဲ ၁၄ ခု၏ လုပ်ငန်းစဉ်များ ပိုမို တိုးတက်စေရေးအတွက် ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားပြီး ကော်မတီဝင်များကို လုပ်ပိုင်ခွင့် အပြည့်အ၀ ပေးထားသကဲ့သို့ ဌာနမှူးများကိုလည်း လုပ်ပိုင်ခွင့်များ ပေးထားကြောင်း၊ ဝန်ထမ်းအင်အား ဖောင်းပွနေမှုများကို ကိုင်တွယ်ရန်အတွက် ရုံးတက်ရုံးဆင်းချိန် စာအုပ်တွင် လက်မှတ်ရေးထိုးသည့် စနစ်အစား လက်ဗွေစနစ်ဖြင့် အစားထိုးရန် လုပ်ဆောင်နေပြီး လာမည့် ခြောက်လပိုင်းတွင် စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာ ရဲလွင်က ဆိုသည်။

 

Most Read

Most Recent