ရန်ကုန်တိုင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသော စာသင်ကျောင်း ၁၀၀ တွင် အသိပညာပေးမည်

ရန်ကုန်တိုင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသော စာသင်ကျောင်း ၁၀၀ တွင် အသိပညာပေးမည်
Published 5 April 2018

ရန်ကုန်တိုင်းအတွင်းရှိ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသော စာသင်ကျောင်း ၁၀၀ တွင် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာပေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဧပြီ ၄ ရက်က ရန်ကုန်မြို့ရှိ Esperado ဟိုတယ်၌ ပြုလုပ်ခဲ့သည့် ကျောင်းများတွင် ငလျင်နှင့် ပတ်သက်၍ နားလည် သဘောပေါက်မှု ရှိစေရန် အသိပညာမျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

ယင်း အသိပညာပေးမှုအား ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင် ငလျင်ဘေးလှုပ်ခတ်မှု ဖြစ်နိုင်ခြေများသော ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ငလျင်အတွက် ကြိုတင်ပြင်ဆင်ခြင်း နှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဖြင့် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေခြင်း၊ ယင်း အစီအစဉ်အား ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်သည့် သတင်း၊ အသိပညာပေးခြင်းနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း လုပ်ငန်းတွင် ကြိုတင် ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့် လှုပ်ပြီးနောက် ဆောင်ရန်၊ ရှောင်ရန်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ငလျင်ဘေး ဖြစ်နိုင်ခြေ အများဆုံးရှိသည့် ကျောင်း ၁၀၀ ကို အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

Most Read

Most Recent