မြောင်းမြကြိုးတံတား ပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ဇက်၊စက်လှေများ အခမဲ့ပြေးဆွဲပေးနေ

မြောင်းမြကြိုးတံတား ပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ဇက်၊စက်လှေများ အခမဲ့ပြေးဆွဲပေးနေ
Published 2 April 2018

ဓာတ်ပုံ - မင်းသူဝင်းထွဋ်


မြောင်းမြကြိုးတံတား ပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇက်အသေးတစ်စီး၊ စက်လှေနှစ်စီးတို့ဖြင့် မြောင်းမြဖက်ကမ်းတွင် သဲပုံဆိပ်ကူးတို့ဆိပ်မှ ခရီးသည်များအား အခမဲ့ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
 
ထို့ပြင် ခရီးသည်တင်ယာဉ်လိုင်းများလည်း ပြန်လည်ပြေးဆွဲလျက်ရှိပြီး ကွယ်လွယ်ကျေးရွာထိပ်တွင် ခရီးသည်တင်ယာဉ်များကို ရပ်နားစေကာ ကူးတို့လှေများဖြင့် မြောင်းမြဖက်သို့ ပို့ဆောင်ပေးနေကြာင်း သိရသည်။

မော်တော်ယာဉ်များ သွားလာနိုင်ရေးအတွက် မြောင်းမြဖက်ကမ်း သဲပုံဆိပ်နေရာ၌ ဇက်ဆိပ်တစ်ခုကို အရေးပေါ်တည်ဆောက်နေလျက်ရှိပြီး အခြားမြို့များမှ လာရောက်လည်ပတ်သည့် မော်တော်ယာဉ်အစီးရေ ၇၀ ကျော်ခန့်မှာ မြောင်းမြမြို့တွင် ပိတ်မိနေကြောင်း သိရသည်။

အာမခံသက်တမ်း ကျော်လွန်နေပြီး ပြင်ဆင်ထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီး နှစ်ပတ်ကျော်အကြာတွင် မြောင်းမြကြိုးတံတားမှာ ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က ပြိုပျက်ကျမှုဖြစ်ပွားခဲ့ကာ တံတားပျက်စီးခဲ့မှုကြောင့် မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နှင့် လပွတ္တာခရိုင်အတွင်းရှိ လပွတ္တာမြို့များမှာ ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့ရပြီး ခရီးသွားလာမှု ကုန်စည်စီးဆင်းမှုများ အပါအဝင် အရေးပေါ်လူနာများ ဆေးဝါးကုသမှုများခံယူရေးအတွက် အခြားမြို့များသို့ သွားလာရန်ပါ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

Most Read

Most Recent