နေပြည်တော်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်၍ မိုးရွာသွန်းခဲ့

နေပြည်တော်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်၍ မိုးရွာသွန်းခဲ့
Published 1 April 2018

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေပြည်တော် မြို့မဈေးအနီးရှိ ဈေးဆိုင်ခန်းများ လဲပြိုနေသည်ကို မတ် ၃၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - မျိုးဟိန်းထက်)

မတ်လ ၃၁ ရက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က နေပြည်တော်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်၍ မိုးများ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အချိန်အခါမဟုတ် ရွာသွန်းသော မိုးကြောင့် နေပြည်တော် ဝန်ထမ်းအိမ်ယာများအနီး သစ်ပင်အချို့ပြိုလဲခဲ့ပြီး ဓာတ်တိုင်များလဲကာ လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့ကြောင်း သိရသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေပြည်တော် မြို့မဈေးအနီးရှိ ဈေးဆိုင်ခန်းများ လဲပြိုနေသည်ကို မတ် ၃၁ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - မျိုးဟိန်းထက်)

"မိုးထက် လေကပိုများလို့ သစ်ပင်လဲတာ ဝန်ထမ်းအိမ်ယာဘက်တွေက အကာအကွယ်မရှိတော့ ပိုဆိုးတာပေါ့ အခုဆို မီးက မလာတော့ ပိုဆိုးတာပေါ့"ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။

အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မူကြောင့် နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ ပျဉ်းမနားမြို့တွင် ဓာတ်မီးတိုင်များ ကျိုးခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်မူများ ဖြစ်နေကြောင်း ပျဉ်းမနားမြို့ လျှပ်စစ်ရုံးခွဲ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 

Most Read

Most Recent