မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုတွင် ဂျပန်ခေတ်စစ်ကျန်ဗုံး ၄၄ လုံးတွေ့ရှိ

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုတွင် ဂျပန်ခေတ်စစ်ကျန်ဗုံး ၄၄ လုံးတွေ့ရှိ
Published 1 April 2018

မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စုတွင် ဂျပန်ခေတ်စစ်ကျန်ဗုံး ၄၄ လုံးကို မတ် ၃၁ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း သိရသည်။ မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု တက္ကသိုလ်ရပ် ကုန်းမြင့်သာယာလမ်းရှိ ဦးမျိုးဝင်းနေအိမ်တွင် အိမ်သာကျင်းတူးနေစဉ် အဆိုပါစစ်ကျန်ဗုံးများ ထွက်ပေါ်လာခြင်းဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် တာဝန်ရှိသူများကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ မနက် ၁၀ နာရီလောက်မှာ အိမ်သာကျင်းတူးနေတုန်း ဂျပန်ခေတ်ကစစ်ကျန်ဗုံးတွေ ထွက်လာတာပါ။ ၆၀ မမ ဗုံးအကြီးကတစ်လုံး ရွယ်တူဗုံးသီးတွေက ၄၃ လုံးအား လုံး ၄၄ လုံးကိုတွေ့ရှိခဲ့တာပါ။ အခုတပ်မတော် စစ်လက်နက်တပ်က တာဝန်ရှိသူတွေလာ ရောက်စစ်ဆေးပြီး သိမ်းဆည်းသွားပါတယ်။ နောက်ထပ်စစ်ဆေးမှုတွေလုပ်ပြီး အတည်ပြုရဦးမှာပါ။ လောလောဆယ် အများပြည်သူအန္တရာယ်မဖြစ်စေဖို့ ဆောင်ရွက်ပေးနေပါတယ်။ အဲဒီမှာပွိုင့် ၅ ကျည်ဆန်ခွံလေးခုလည်း ထပ်တွေ့ပါတယ်” ဟု ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရန်နိုင်စိုး (ခ) ဦးစိုးငယ်က ဆိုသည်။

Most Read

Most Recent