ပုသိမ်-ဟင်္သာတ လော်ကယ်ရထားတိုက်မိ၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ

ပုသိမ်-ဟင်္သာတ လော်ကယ်ရထားတိုက်မိ၍ သံဃာတော်တစ်ပါး ပျံလွန်တော်မူ
Published 31 March 2018

အမှတ်(၁၈၇) အဆန် ပုသိမ်-ဟင်္သာတ လော်ကယ်ရထား တိုက်မိ၍ သံဃာတော်တစ်ပါး ပျံလွန်တော် မူခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မတ် ၂၉ ရက်၊ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်-ဟင်္သာတကြား မိုင်တိုင်အမှတ် (၁၁၃/၁၃-၁၂) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်၌ ပျံလွန်တော်မူခဲ့သော သံဃာတော်သည် တနင်္သာရီတိုင်းဒေသကြီး၊ ရေးမြို့နယ်၊ အဇင်းကျေးရွာ၊ မင်းစိတ်ကလေးကျောင်းမှ ဦးတေဇောဘာသဖြစ်ပြီး စိတ်ဝေဒနာ ခံစားနေရသူဖြစ်ကာ ရထားသံလမ်း အလယ်တွင် ထိုင်နေရာမှ ရထားတိုက်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဟင်္သာတ မြို့မရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် ၃/၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent