အရေးပေါ်ရေဖြန့်ဝေပေး စီမံချက်ရေးဆွဲပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့ကို သောက်သုံးရေဖြန့်ဝေပေးရေး စီစဉ်ထား

အရေးပေါ်ရေဖြန့်ဝေပေး စီမံချက်ရေးဆွဲပြီး မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့ကို သောက်သုံးရေဖြန့်ဝေပေးရေး စီစဉ်ထား
Published 30 March 2018

သထုံမြို့နယ်သောက်သုံးရေ အခက်ခဲဖြစ်သည့်ရပ်ကွက်သို့ ဂရုဏာလူမူကူညီရေးအဖွ့ဲက ရေလှူနေစဉ်ပုံ၊ (ဓာတ်ပုံ-အောင်ကိုကိုလွင်)

အရေးပေါ် ရေဖြန့်ဝေပေးရေးစီမံချက် ရေးဆွဲပြီး မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နှင့် ကျိုက်မရောမြို့နယ်တို့ကို သောက်သုံးရေ ဖြန့်ဝေးရန် စီစဉ်ထားကြောင်း၊ ဝန်ကြီးဦးထွန်းဌေး (စိုက်ပျိုးမွေးမြူရေးနှင့် ပို့ ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန)က ကျင်းပဆဲ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ဒေါက်တာ ခင်နိုင်ဦး(ဘီးလင်းမြို့နယ် အမှတ်-၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်)၏ မေးခွန်းကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဘီးလင်းမြို့နယ် အရက်သီမရွာ၊ ဝင်းကကျေးရွာ၊ ကျောက်လုံးကြီးရွာ၊ ကြာစီအောင်ရွာ၊ ကိုးတဲရွာများနေ ပြည်သူများ၊ မူလတန်းစာသင်ကျောင်းသားများသည် နှစ်စဉ် နွေရာသီ သောက်သုံးရေ ရှားပါးမှုများ ရင်ဆိုင်ကြုံတွေ့ နေရပါသဖြင့် အဆိုပါရွာများ၏သောက်သုံးရေ ရရှိရေးအတွက် စီစဉ်ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ ကို မတ် ၂၉ ရက် မွန်ပြည်နယ် လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဝန်ကြီး ဦးထွန်းဌေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားသွားသည်။

“လက်ရှိနွေရာသီကာလ မွန်ပြည်နယ်အတွင်း သောက်သုံးရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာပါက အရေးပေါ်ဖြန့်ဝေပေးနိုင်ရေးတွက် သထုံခရိုင်တွင် ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို လေးမြို့နယ်၊ မော်လမြိုင်ခရိုင်တွင် ကျိုက်မရောမြို့နယ်တို့ကို ရေဖြန့် ဝေရေးစီမံချက်များ ရေးဆွဲဆောင်ရွက်ထားပြီးဖြစ်ပါသည်၊ ဘီးလင်းမြို့နယ်တွင် သောက်သုံးရေရှားပါးသော ကျေးရွာများ၌ ရေရှားပါး ပြတ်လပ်မှုကြုံတွေ့ပါက သောက်သုံးရေဖြန့်ဝေနိုင်ရေးအတွက် စက်သုံးဆီ ၃၂၇၅ ဂါလံ အား အရေးပေါ်ဖြန့်ဝေနိုင်ရေးအတွက် လျာထား တင်ပြထားပြီး ဖြစ်ပါသည်။ ထပ်မံဆောင်ရွက်ရမည့် လိုအပ်ချက်များကို လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ CSO အဖွဲ့အစည်းများ၊ ကျေးရွာသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်၍ ပြည်နယ်အစိုးရအဖွဲ့သု့ိ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားအပ်ပါသည်”ဟု ဝန်ကြီး ဦးထွန်းဌေး က ပြောကြားသည်။

ယခုကဲ့သို့ အရေးပေါ်မှ ဖြေရှင်းခြင်းသည် ပုံမှန်ဖြေရှင်းမှု၏ ငါးဆခန့် ကုန်ကျပြီး မိမိတို့ NLD အစိုးရသက်တမ်းအတွင်း ဘီးလင်းမြို့နယ် ကျေးရွာများကို အနည်းဆုံး သောက်ရေချိုရရှိရေးအတွက် ရေအရင်းအမြစ်ရှိရာ ရွာအချို့မှ ရေကိုပိုက်လုံးဖြင့် သောက်သုံးရေ ရှားပါးသည့် ကျေးရွာများကို မဖြစ်မနေ ပို့ဆောင်နိုင်ရေးအတွက် အစိုးရကို တိုက်တွန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မေးခွန်းအတွက် ၇ ရက် အချိန်ပေး ဖြေကြားရာ ဝန်ကြီးအချို့ ကွင်းဆင်းသည်ကို တွေ့ရပြီး ဝန်ကြီးအချို့ကလည်း ဌာနမှစု ဆောင်းပေးသည့် အချက်လက်ကိုဖြေကြားမှု တွေ့နေရသေးကြောင်း၊ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်မည်ဆိုသည့် ယေဘူယျဆန်ဆန် အဖြေမျိုးတွေ့နေရကြောင်း၊ မေးခွန်းတစ်ခုကိုမည်သို့ လုပ်ဆောင်မည်၊ ဦးစားပေးအဆင့် စသည် ဖြင့် တိတိကျကျဖြေစေလိုကြောင်း၊ ဒေါက်တာ ခင်နိုင်ဦးက လွှတ်တော်အပြီး မီဒီယာနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Most Read

Most Recent