စစ်တွေ မိုင်းပေါက်ကွဲမှုကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရသူ ရှစ်ဦးအနက် လေးဦးပြန်လွတ်

စစ်တွေ မိုင်းပေါက်ကွဲမှုကြောင့် သံသယဖြင့် ဖမ်းဆီးခံထားရသူ ရှစ်ဦးအနက် လေးဦးပြန်လွတ်
Published 27 March 2018

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်က မိုင်းသုံးလုံး ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူ ရှစ်ဦးအနက် ချုပ်ရမန်နှစ်ပတ်ပြည့်သူ လေးဦး ပြန်လွတ်လာကြောင်း သိရသည်။

၎င်းတို့အား ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က) (ဈ) တို့ဖြင့် ချုပ် ရမန် နှစ်ပတ်ယူ စစ်ဆေးခဲ့ပြီးနောက် မတ် ၂၅ ရက်တွင် စစ်တွေမြို့နယ်တရားရုံးက ချုပ်ရမန်တောင်းခံခဲ့သော်လည်း ရမန်ထပ်မရသည့်အတွက် မိသားစုများနှင့် ခံဝန်လက်မှတ်ထိုးကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လွတ်မြောက်လာသူများတွင် ကိုနိုင်စိုး၊ ဦးရွှေထွန်းအောင်၊ မောင်မြင့်ရွှေနှင့် မောင်တင်မြင့်တို့ဖြစ်ကြောင်း သိရပြီး နောက်ထပ်လေးယောက်မှာ ချုပ်ရမန်ရယူထားဆဲဖြစ်ကြောင်း  သိရသည်။

ထိုသို့ဖမ်းဆီးခံထားရသူများအား စစ်တွေမြို့ မြို့မရဲစခန်းတွင် တစ်လကြာ ချုပ်နှောင်ထားခဲ့ပြီးနောက် မတ် ၂၆ ရက် ည ၈ နာရီခန့်တွင် စတင်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီး စစ်ဆေး ခံနေရသူများ အနက်  ကိုအေးဝင်း ကန်တော်ကြီးရပ်ကွက် အပါအဝင် လေးဦးကျန်နေကြောင်း သိရသည်။

Most Read

Most Recent