<

မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ် (ခ်ျ) တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်

 

မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ် မတ် ၂၅ ရက် မြန်မာစံတော်ချိန် ၀၁ နာရီ ၁၁ မိနစ်၊ ၃၀ စက္ကန့်အချိန်တွင် ညောင်ဦးမြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၃၈ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း  (မြိုင်မြို့၏ အနောက်မြောက်ဘက် ၁၁ မိုင် ခန့်အကွာ) အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားခြင်း ဖြစ်သည်။

“ငလျင်ကို အခုအချိန်ထိ ကမ္ဘာပေါ်မှာ မည်သည့်အချိန်လှုပ်မယ်၊ မည်သည့်နေရာတွင်လှုပ်မယ်၊ အင်အားပမာဏမည်မျှ လှုပ်မှာကို မည်သည့်ပညာရှင်မှ ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိသေးပါဘူး။ ငလျင်ကြီး လှုပ်ပြီးတိုင်း နောက်ဆက်တွဲ ငလျင်ငယ်လေးများ လှုပ်လေ့ရှိပါတယ်။ မိမိတို့သည် ငလျင်ရပ်ဝန်း အတွင်းနေထိုင်ပါက မိမိတို့နေထိုင်သော အဆောက်အအုံများအား ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းသည် အကောင်းဆုံးသော ကြိုတင်ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ အင်အားပြင်းငလျင်လှုပ်ပြီးနောက် သူ့ထက်ပိုမိုပြင်းထန်တဲ့  ငလျင်လှုပ်ရန် အလွန်ခဲယဉ်းလှပါတယ်” ဟု မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

March 25, 2018














Copy Protected by Chetan's WP-Copyprotect.