မြန်မာနိုင်ငံတွင် ကလေးလုပ်သားဦးရေမှာ ကလေးစုစုပေါင်း၏ ကိုးရာခိုင်နှုန်းခန့်ရှိ

မြန်မာနိုင်ငံတွင် ကလေးလုပ်သားဦးရေမှာ ကလေးစုစုပေါင်း၏ ကိုးရာခိုင်နှုန်းခန့်ရှိ
Published 25 March 2018

မြန်မာနိုင်ငံတွင် ကလေးလုပ်သားဦးရေမှာ ကလေးစုစုပေါင်း၏ ကိုးရာခိုင်နှုန်းခန့်ရှိပြီး ယင်းတို့အနက် ၅၄ ဒသမ ၈ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ကလေးလုပ်သားစစ်တမ်းတွင် ကလေးကို အသက်ငါးနှစ်က ၁၇ နှစ် အပိုင်းအခြားရှိသူများကို လေ့လာခြင်းဖြစ်ပြီး ကလေးလုပ်သား သတ်မှတ်ချက်အရ အသက်ငါးနှစ်မှ ၁၇ နှစ်အတွင်း အန္တရာယ်ရှိ လုပ်ငန်းခွင်တွင် တစ်ပတ် အနည်းဆုံး တစ်နာရီအတွက် လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် အလုပ်စေခိုင်းခံရသည့်ကလေးများ၊ အသက်ငါးနှစ်မှ ၁၁ နှစ်အတွင်း တစ်ပတ်အနည်းဆုံး တစ်နာရီ လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် ခိုင်းစေခံရသည့်ကလေးများ၊ အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်အတွက် တစ်ပတ် ၂၄ နာရီထက်ပိုပြီး နေ့ဆိုင်း၊ ညဆိုင်း ခိုင်းစေခံရသည့်ကလေးများ၊ အသက် ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် တစ်ပတ် ၄၄ နာရီထက်ပိုပြီး အလုပ်ခိုင်းစေခံရသည့် ကလေးများကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသော အလုပ်လုပ်နေသည့် ကလေးများကို ကလေးလုပ်သားအဖြစ် မရေတွက်ဘဲ အလုပ်လုပ်နေသည့်ကလေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးအဖြစ် သတ်မှတ်ထားသည့် အသက်ငါးနှစ်မှ ၁၇ နှစ်အကြား လူဦးရေ ၁၂ သန်းခန့်ရှိပြီး အလုပ်လုပ်သည့် ကလေးတိုင်းကို ကလေးလုပ်သားအဖြစ် မသတ်မှတ်ထားကြောင်း၊ ကလေးလုပ်သားဦးရေမှာ ကလေး စုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ယင်းတို့အနက် ၅၄ ဒသမ ၈ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြကြောင်းနှင့် သစ်တော၊ လယ်ယာကဏ္ဍများတွင် အများဆုံး လုပ်ကိုင်နေကြကြောင်း သိရသည်။

Most Read

Most Recent