စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် စားသုံးသူများအပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ကုန်စည်များ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆောင်ပေးနေခြင်းဖြစ်ဟု ဆို

စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် စားသုံးသူများအပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ကုန်စည်များ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆောင်ပေးနေခြင်းဖြစ်ဟု ဆို
Published 25 March 2018

စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် စားသုံးသူများအပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ ကုန်စည်များ ထုတ်လုပ်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

ကမ္ဘာတစ်ဝန်း၌ စားသုံးသူ အကာအကွယ်ပေးရေးနှင့် စပ်လျဉ်း၍ နိုင်ငံပေါင်း ၁၁၅ နိုင်ငံနှင့် စားသုံးသူရေးရာနှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းပေါင်း ၂၂၀ ကျော်က တက်ကြွစွာ ဖွဲ့စည်းလှုပ်ရှား ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း စားသုံးသူ ပြည်သူများကို အကာအကွယ်ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်တွင် စားသုံးသူရေးရာ ဦးစီးဌာနကို၂၀၁၆ ခုနှစ်၊ ဧပြီ ၁ ရက်တွင် စတင်ဖွဲ့စည်း၍ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့်အညီ စားသုံးသူတို့၏ အခြေခံ အခွင့်အရေးများကို မြှင့်တင်ပေးခြင်းနှင့် စားသုံးသူ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ကာကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်းသည် စားသုံးသူများအပေါ် ကာကွယ်စောင့်ရှောက် ပေးနေခြင်း ဖြစ်သည့်အပြင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေး မြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်တင်ပို့ ရောင်းချနိုင်သည့် အခွင့်အလမ်းများကိုလည်း ရရှိစေရန် ဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် စားသုံးသူများ ကျန်းမာရေးနှင့် ဘေးဥပဒ်အန္တရာယ် ကင်းရှင်းရေးအတွက် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ၏ ထိခိုက်နစ်နာမှုများအတွက် အရေးယူ ဆောင်ရွက်ပေးနိုင်မည့် ယန္တရားများ၊ စနစ်များ ပေါ်ပေါက်လာစေရေးနှင့် စားသုံးသူများ အသိပညာ တိုးတက်စေရန် စဉ်ဆက်မပြတ် ပညာပေးမှု လုပ်ငန်းများသည် စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအနက် အရေးကြီးသော လုပ်ငန်းစဉ်များ ဖြစ်လာသည်ကို သိသာထင်ရှားစွာ တွေ့မြင်လာနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Most Read

Most Recent