ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းဆီးရမိ
Published 24 March 2018

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းခြောက်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ရှစ်သိန်းကျော်ကို မတ် ၂၂ ရက် ညနေ ၄ နာရီကျော်က ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သိရသည်။

အငူမော်-မောင်တောလမ်းတွင် ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို အမှတ် (၉) အငူမော် စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့က စစ်ဆေးနေစဉ် အငူမော်-လောင်းချောင်း လမ်းဆုံတွင် STAREX GRX အမျိုးအစားယာဉ်အမှတ် 6M/6420 အား စစ်ဆေးရာ ကားပေါ်ပါဆွဲခြင်းထဲမှ မူးယစ်ဆေးဝါးစတွေ့ပြီး ဆက်လက်ရှာဖွေရာတွင် ယာဉ်မောင်းနောက် ထိုင်ခုံအနောက်ဘက်တွင် အထုပ်သေး ၁၆ ထုပ်၊ နောက်ထိုင်ခုံအောက်တွင် ၂၈ ထုပ်၊ ကားဘော်ဒီယာဘက် အခြမ်းတွင် ၄၆ ထုပ်၊ ကားဘော်ဒီဘယ်ဘက် အခြမ်းတွင် ၉၆ ထုပ်နှင့် ကားအမိုး ခရီးဆောင်အိတ်တင်သည့် နေရာ၌ ၂၄၃ ထုပ် စုစုပေါင်း ၄၂၉ ထုပ်၊ ဆေးပြားပေါင်း ၈၁၅၁၀၀ တွေ့ရှိခဲ့ပြီး ကာလတန်ဖိုးအားဖြင့် တစ်ပြားလျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆၃၀၂ သိန်းရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ စစ်တွေမြို့မင်းဂံ ၆ ရပ်ကွက်နေ ယာဉ်မောင်း အောင်သူနိုင်(၂၅ )နှစ်နှင့် စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက်နေ ယာဉ်နောက်လိုက် ထက်ငြိမ်းကို (၁၈) နှစ်တို့ နှစ်ဦးကို ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းတွင် အမှုဖွင့်ထားပြီး အရေးယူနိုင်စေရန် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

Most Read

Most Recent