မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ အထိ လှည့်ကင်း ဆောင်ရွက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ အထိ လှည့်ကင်း ဆောင်ရွက်
Published 22 March 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ အထိ လှည့်ကင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကိုမတ် ၁၉ ရက်မှ ၂၇ ရက်အတွင်း နယ်ခြားမှတ်တိုင် ၃၈ မှ ၄၂ အထိ လည်းကောင်း၊ မတ် ၂၇ ရက် နောက်ပိုင်းတွင် နယ်ခြားမှတ်တိုင်အမှတ် ၄၂ မှ ၄၅ အထိ လည်းကောင်း ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၅ ရက် နံနက် ၉ နာရီ ၃၅ မိနစ်မှ နံနက် ၁၁ နာရီ မိနစ်၅၀ အထိ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသည် နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ အထိ လှည့်ကင်း ဆောင်ရွက်ခဲ့ပြီး မတ် ၁၈ ရက် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီ ၂၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်ခြားမှတ် တိုင် ၃၆ မှ ၃၈ အထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၆ ရက်အထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၅၅ အထိ ၁၄ ကြိမ်၊ မတ် ၁၁ ရက်တွင် နယ်ခြားမှတ်တိုင် ၃၁ မှ ၃၄ အထိ တစ်ကြိမ်၊ မတ် ၁၅ ရက်တွင် နယ်ခြားမှတ်တိုင် ၃၄ မှ ၃၆ အထိတစ်ကြိမ်၊ မတ် ၁၈ ရက်တွင် နယ်ခြားမှတ်တိုင် ၃၆ မှ ၃၈ အထိတစ်ကြိမ် စုစုပေါင်း ၁၇ ကြိမ်နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း မတ် ၅ ရက်တွင် နတ်မြစ်တစ်လျှောက် နှစ်နိုင်ငံညှိနှိုင်း၍ လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent