လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်း ထုတ်ပြန်ထား

လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်း ထုတ်ပြန်ထား
Published 21 March 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားပြီး မတ် ၂၃ ရက်တွင် လူကိုယ်တိုင် လာရောက်ဆက်သွယ်ကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ခဲ့သည့် လှိုင်သာယာမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များအတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများရှိ အခန်းများရောင်းချရန် လျှောက်လွှာများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် နောက်ဆုံးထားလက်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါလျှောက်လွှာများကို စိစစ်ပြီးဖြစ်၍ လျှောက်ထားဝယ်ယူခွင့်ရရှိသူများ၏ အမည်စာရင်းများကို ၂၀၁၈ ခုနှစ် မတ် ၁၂ ရက်က အမှတ် ၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်မြို့နှင့် ရုံးအမှတ် (၄၀) မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်တို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အခန်းများရောင်းချရာ၌ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် Down Payment ရာခိုင်နှုန်း ၂၀ သတ်မှတ်စုဆောင်းငွေပြည့်မီသည့် ရက်စွဲအစီအစဉ်အလိုက် ဦးစားပေးရောင်းချသွားမည်ဖြစ်ပြီး လျှောက်ထားသူများသည် မတ် ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ အမှတ် ၂၂၈/၂၃၄ ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ်သို့ နံနက် ၉ နာရီခွဲတွင် လူကိုယ်တိုင် လာရောက်ဆက်သွယ်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန်အတွက် တိုက်ခန်းတန်ဖိုး၏ ကနဦးပေးသွင်းငွေကို ယခင်ရာခိုင်နှုန်း ၃၀ မှ လက်ရှိအချိန်တွင် ရာခိုင်နှုန်း ၂၀ အထိလျှော့ချပြီး ကျန်သည့်ရာခိုင်နှုန်း ၈၀ ကို နှစ်ရှည်ချေးငွေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent