ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာအထိ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေး ၁၃၁၄ ဒေါ်လာအထိ ပြန်တက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ အထိ မြင့်တက်
Published 21 March 2018

ကမ္ဘာ့ရွှေဈေးသည် မတ် ၂၀ ရက်တွင် ၁၃၁၄ ဒေါ်လာအထိပြန်တက်ပြီး ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်း ကျပ် ၉၃၇၅၀၀ အထိ ပြန်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။

နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ကျပ် ၉၄၄၆၀၀၊ မတ် ၂၀ ရက်တွင် ကျပ် ၉၃၇၅၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။

Most Read

Most Recent