ရန်ကုန်မြို့အတွင်း မြို့နယ် ၂၀ ခန့်၌ မတ် ၂၂ ရက် နံနက်ပိုင်းတွင် လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်

ရန်ကုန်မြို့အတွင်း မြို့နယ် ၂၀ ခန့်၌ မတ် ၂၂ ရက် နံနက်ပိုင်းတွင် လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
Published 21 March 2018

ရန်ကုန်မြို့ရှိ မြို့နယ် ၂၀ ခန့်တွင် မတ် ၂၂ ရက် နံနက်ပိုင်းတွင် အချိန်ပိုင်းဖြင့် လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက စုံစမ်းသိရသည်။

ယင်းကဲ့သို့ လျှပ်စစ်မီးဖြတ်တောက်ရခြင်းမှာ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းရန်ဖြစ်ကြောင်း သိရသည်။

“၁၀ တန်းစာမေးပွဲ ဖြေနေအချိန်တုန်းကတော့ မလုပ်ဘူးပေါ့။ အခု စာမေးပွဲတွေဖြေပြီးတော့ သစ်ပင်တွေခုတ်ဖို့ မီးခဏဖြတ်မှာ။ ၂၂ ရက် (ကြာသပတေးနေ့) မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီအထိဖြတ်မှာ။ သစ်ပင်ခုတ်မယ့် နေရာတစ်ကွက်ချင်းစီကိုပဲ မီးဖြတ်မှာ။ တစ်မြို့နယ်လုံးကို ဖြတ်မှာမဟုတ်ဘူး။ ဥပမာ အလုံမြို့နယ်ဆိုရင် ကမ်းနားလမ်းတစ်လျှောက်မှာ လုပ်မယ်ဆိုရင် အဲဒီနားတစ်ဝိုက်ကိုပဲ မီးဖြတ်မှာ” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လျှပ်စစ်မီးပြတ်တောက်မည့် မြို့နယ်များမှာ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ လှိုင်၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မရမ်းကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ သန်လျင် စသည့်မြို့နယ်များဖြစ်ကြောင်း သိရသည်။

ဓာတ်အားလိုင်းဖြင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီးပါက ပုံမှန်အတိုင်း မီးပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent